သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး

AB News – ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆

မင်းပြားမြို့နယ်၊ ဖားပြို (ရက္ခိုင်)ကျေးရွာတွင် ဝက်ရူးပြန်ရောဂါ ဝေဒနာကို ခံစားနေရသော အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နံနက် ၁၀ နာခန့်အချိန်တွင် ကျေးရွာအတွင်းရှိ သောက်ရေကန်၌ ရေခပ်နေစဥ် ဝက်ရူးပြန်ရောဂါပေါ်လာ၍ ရေကန်ထဲသို့ပြုတ်ကျ ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆ်ိုသည်။

ရေကန်တွင်းသို့ ပြုတ်ကျ၍ သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ ဖာပြို (ရက္ခိုင်) ကျေးရွာမှ ဒေါ်မိုးမိုးမြင့် အသက် ၄၀ နှစ် ဖြစ်သည်။

‌ရေကန်တွင်းသို့ ပြုတ်ကျသွားပြီးနောက် ဒေါ်မိုးမိုးမြင့်မှာ အိမ်သို့ ပြန်မရောက်တော့ဘဲ အချိန်ကြာမြင့်နေခဲ့သည့်အတွက် မိသားစုဝင်များမှ လိုက်လံကြရှာဖွေခဲ့ရာ ရေကန်ဘောင်ပေါ်၌ ရေအိုးခွက်ကိုသာ တွေ့ရှိခဲ့ရပြီး လူကို မတွေ့ရသဖြင့် ရေကန်ထဲသို့ ဆင်းရှာခဲ့စဉ် ရေနစ်သေဆုံးနေသော ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် ဖားပြိုရွာ သုဿန်အတွင်း သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မင်းပြားမြို့နယ်၊ ဆပ်ကျာ(မူဆလင်)ကျေးရွာ အရှေ့ဘက်ရှိ လေးမြို့မြစ်အတွင်း မူဆလင် ကလေးငယ်တစ်ဦးရေချိုးနေစဉ် ရေနစ်သေဆုံးခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၃ရက်၊ နေ့လယ်ပိုင်းအချိန်တွင် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် အမျိုးသားတစ်ဦးနှင့် ကလေးငယ် ၁ တစ်ဦး ရေနစ် သေဆုံးခဲ့ရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း မင်းပြားမြို့နယ်၊ ငပြီအင်းကျေးရွာတွင် သက်ကြီးပိုင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ