သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ ဗုံးကြဲခံရမှုအတွင်း ပြည်သူ ၂ ဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ် ၉ ဆောင်ထက်မနည်း ပျက်စီး

‎‎

‎AB News – ဖေဖော်ဝါရီ ၈၊ ၂၀၂၆

‎ရက္ခိုင်ပြည်၊ သံတွဲမြို့ပေါ်ရှိ  အမှတ် ၃ ရပ်ကွက် ကို စစ်ကော်မရှင်(စကမ)က ယနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၂ နာရီနီးပါးအချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

‎ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၅၀ အရွယ် ဦးသက်အောင်နှင့် ကိုအောင်သန်းတင် (အသက် ၄၃နှစ်အရွယ်) တို့ဖြစ်ကြပြီး နေအိမ်လည်း ၉ ထက်မနည်း ဗုံးစထိမှန်၍ ပျက်စီးခဲ့ကြောင်း ဆိုသည်။

‎”ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်မှာ ဂျက်နဲ့ လာပြီး ဗုံးကြဲသွားတာပါ။ ပြည်သူ ၂ ထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အဲဒီ အမှတ် ၃ ရပ်ကွက်မှာက စစ်ရေးနဲ့သက်ဆိုင်တဲ့ ရုံးတွေ မရှိပါဘူး။ ပြည်သူတွေပဲ နေထိုင်ကြတာပါ။ ခုလို ပြည်သူတွေနေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာကတော့ လုံးဝ လက်ခံလို့ မရပါဘူး။ စကမ ကို နိုင်ငံတကာတွေက ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

‎ဒဏ်ရာရရှိသွားသည့် မြို့ခံ နှစ်ဦးမှာ လက်ရှိတွင် နီးစပ်ရာ ဆေးခန်းများ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

‎ရက္ခိုင်တွင် နယ်မြေအများစု လက်လွှတ်ဆုံးရှုံးထားရသည့် စကမ သည် ပြည်သူများရှိရာနေရာများသို့ လေကြောင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ​မြင့်တက်လျက်ရှိသည်။

‎၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လအတွင်း ရက္ခိုင်တွင် စကမ ၏ လေကြောင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် စစ်သုံ့ပန်းမိသားစုဝင်များ အပါအဝင် ဒေသခံပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၃ ဦးထက်မနည်း ရှိနေကြောင်း သိရသည်။

‎#စကမ #သံတွဲ #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ #ရက္ခိုင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ