သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်ရှိ ခရစ်ယာန်ကျမ်းစာကျောင်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ULA/AA တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု



‎AB News – ဖေဖော်ဝါရီ ၆၊ ၂၀၂၆

‎ရက္ခိုင်ပြည်ရှိ ခရစ်ယာန်ကျမ်းစာကျောင်း၏ ၁၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ဆုပေးပွဲအခန်းအနားကို ULA/AA တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

‎အဆိုပါ ဘွဲ့နှင်းသဘင်အခန်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ (၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

‎အဆိုပါအခန်းအနားတွင် ဘွဲ့ရကျောင်းသား/သူ များအား ဒီပလိုမာဘွဲ့လက်မှတ်ချီးမြှင့်ပေးသည့်အစီအစဥ်များအပြင် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုခြင်း အစီအစဥ်များ ပါဝင်ခဲ့သည်။

‎ဒီပလိုမာဘွဲ့လက်မှတ်ရရှိသူ စုစုပေါင်း (၅)ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် (၃) ဦးမှာ အမှတ်အမြင့်ဆုံး​ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

‎အလားတူ ရက္ခိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း အစ္စလာမ်ဘာသာရေးတက္ကသိုလ်တစ်ခု၏ ဘွဲ့ရ ကျောင်းသား/သူ များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခန်းအနားကို ပြုလုပ်ခဲ့ပြီး ULA/AA မှ တာဝန်ရှိသူများတက်ရောက်​၍ ဂုဏ်ပြုချီးမြှင့်ခဲ့သည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ