သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်အတွင်း အစ္စလာမ်ဘာသာရေးတက္ကသိုလ်၏ ဘွဲ့လက်မှတ်အပ်နှံပွဲ ကျင်းပ

AB News- ဖေဖော်ဝါရီ ၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်း အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းတစ်ခု၌ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်အပ်နှံပွဲကို ကျင်းပရာ အခမ်းအနားသို့ ULA/ AA မှ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဂျာမေ့အဟ် အရ်ဗီယက်အာလီယာဒါရူလ်အုလူးမ်အာရ်ဗီတက္ကသိုလ်နှင့် အာဂုံဆောင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဂုဏ်ထူးဘွဲ့လက်မှတ်ရရှိသူ စုစုပေါင်း ၁၄ ဦး ရှိပြီး အမျိုးသား ၇ ဦးမှာ ဒေါင်ရာဟ် ဟဒီးစ်စာမေးပွဲ အောင်မြင်သူများဖြစ်ကာ အမျိုးသမီး ၇ ဦးမှာ ကုရ်အာန်ကျမ်းမြတ် အာဂုံဆောင်သင်တန်း အောင်မြင်သူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျာမေအာလီကျောင်းတွင် ၂၀၂၆ ခုနှစ် ဘာသာရေးတက္ကသိုလ် အထက်တန်းအဆင့် စာမေးပွဲတွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂ ဦးရှိပြီး ၄၇ ဦးအောင်မြင်ခဲ့ခြင်းနှင့် ထိုအထဲတွင် ထူးချွန် ကျောင်းသား ၁၃ ဦးနှင့် အာဂုံဆောင် ကျောင်းသား ၁၁ ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဘွဲ့လက်မှတ်အပ်နှံပွဲနှင့် ဆုပေးပွဲသို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ULA/AA မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်းသိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အာရက္ခဒေသအတွင်း မဒ္ဒရာဆာများသမဂ္ဂ၏ ဗဟိုကြီးကြပ်ရေး နှစ်စဉ်စာမေးပွဲကို အစ္စလာမ်ဘာသာဝင် မူဆလင်ကျောင်းသားများအတွက် နှစ်စဉ် ပုံမှန်ကျင်းပလေ့ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ULA/AA ၏ တာဝန်ရှိ အကြီးအကဲမှ အာရက္ခပြည်တွင် နေထိုင်သော လူမျိုးအပေါ် လူမျိုး၊ ဘာသာမခွဲခြားဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပညာသင်ခွင့် ရရှိမည်ဖြစ်ပြီး မူဆလင်ကျောင်းသား၊ ကျောင်းသူများမှာလည်း ပညာတက်မြောက်အောင် ကြိုးစားကာ လူမျိုးစု အချင်းချင်း ချစ်ခင်သဟဇာတဖြစ်သော၊ ဖွံ့ဖြိုး တိုးတက်သော အာရက္ခတိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ရန်ပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ၁၀ ကျောင်း စုပေါင်း၍ မူဆလင် ကျောင်းသား၊ ကျောင်းသားသူများကို ပညာရည်ချွန်ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ