သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎​မြောက်ဦး​မြို့နယ်တွင် အစ္စလာမ်ဘာသာရေး ဆုပေးပွဲ ကျင်းပ



‎AB News – ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆

‎အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြောက်ဦးမြို့နယ်တွင် အစ္စလာမ် ဘာသာရေး ဆုပေးပွဲ ကို ဇန်နဝါရီ ၃၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် ULA/AA မှ တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

‎၎င်းပွဲအား လူပေါင်း ၁၅၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး ဆုပေးပွဲအတွင်း လူမျိုးဘာသာမခွဲခြားဘဲ တစ်စုတစ်စည်းတည်းဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသည့် ပုံရိပ်များကို မြင်တွေ့ရပြီး ဘာသာရေးခေါင်းဆောင်များနှင့် မူဆလင်အသိုင်းအဝန်းတစ်ရပ်လုံးမှာလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

‎ရက္ခိုင်ပြည်အတွင်း မူဆလင် ကျေးရွာများနှင့် ရက္ခိုင်ကျေးရွာများ ကူးလူးဆက်ဆံခြင်းကို ယခင်အစိုးရလက်ထက်က ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ခဲ့ပြီး မကြာခဏ ပဋိက္ခများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

‎မူဆလင် လူမျိုးများ အနေဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်တွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ တန်းတူအခွင့်အရေးများ ရရှိလာကြောင်း မူဆလင်ဘာသာရေး အကြီးအကဲများက ဆိုကြသည်။

‎မူဆလင် အသိုင်းအဝန်း တစ်ရပ်လုံးကလည်း အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အုပ်ချုပ်နေမှုအပေါ် အထူးဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ကြပြီး နောက်လာမည့် အနာဂတ်တွင်လည်း လူမျိုးပေါင်းစုံ ညီညွတ်စွာ အတူတကွ တည်ဆောက်သွားမည်ဟု ဆိုကြသည်။

‎ဓာတ်ပုံ- One Nation News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ