သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ရှောင်စခန်း ၁ ခုအပါအဝင် ကျေးရွာ ၃ ခုထက်မနည်း အရေပြားရောဂါ ဖြစ်ပွားနေ

AB News – ဇန်နဝါရီလ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ရှောင်စခန်း ၁ ခုအပါအဝင် ကျေးရွာ ၃ ခုထက်မနည်း အရေပြားရောဂါ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် ခြေတော်ရာစစ်ရှောင်စခန်းအပါအဝင် စက်သီတာကျေးရွာ၊ မြသီတာကျေးရွာ နှင့် ဖြူချောင်းကျေးရွာတို့တွင် အရေပြားရောဂါ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဇန်နဝါရီလ အစပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် အရေပြားရောဂါမှာ တဖြည်းဖြည်းပြန့်ပွားလာပြီး ကူးစက်သူများပြားလာကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများက ဆိုသည်။

အရေးပြားရောဂါဖြစ်ပွားနေသည့် စစ်ရှောင်စခန်းနှင့် ကျေးရွာများတွင် စစ်ရေးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၂၀၀၀ ခန့် နေထိုင်ကြောင်း သိရသည်။

အလုပ်အကိုင် ရှားပါး၍ ငွေကြေးမတတ်နိုင်သဖြင့် ရောဂါကူးစက်ခံရသည့် စစ်ဘေးရှောင်ပြည်သူများမှာ မိရိုးဖလာ တိုင်းရင်းဆေးကိုသာ အားကိုးနေရကြောင်း သိရသည်။

အရေးပြားရောဂါမှာ ကူးစက်မှုမြန်ဆန်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အချိန်မီဆေးဝါးကုရန် လိုအပ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများက မှတ်ချက်ပြုသည်။

၎င်းရောဂါ ဖြစ်ပွားရခြင်းမှာ လူဦးရေ ထူထပ်ခြင်း၊ သောက်ရေသုံးရေ မသန့်ရှင်းခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားစေကြောင်း ဆိုသည်။

ရသေ့တောင် #စစ်ဘေးရှောင် #အရေပြားရောဂါ #ရက္ခိုင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ