
AB News ဇန်နဝါရီ ၂၀၊ ၂၀၂၆
LOKI
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ အောက်ရွာ (ဆီဆိုင်ကုန်း)ကျေးရွာတွင် စစ်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲရာ အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ရက် ညနေ့ပိုင်း ၄ နာရီခွဲအချိန်တွင် အောက်ရွာအနီးရှိ ငှက်ပျောခင်းတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသည့် ကလေးငယ်မှာ အသက် ၈နှစ် အရွယ် မောင်မင်းထက်သာ ဖြစ်ကြောင်း သိရှိရသည်။
သေဆုံးခဲ့သည့် ကလေးငယ်မှာ ရွာအနီးရှိ ငှက်ပျောခင်းသို့ ငှက်ပျောသီးခူးရန် ဗုံးသီးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသံကြားပြီးနောက် ဒေသခံများ သွားရောက်ကြည့်ရှုရာ ဗုံးစထိမှန်သည့် ဒဏ်ရာများနှင့် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ခဲ့ရခြင်းဖြစ်သည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ(ULA/AA)က မိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးဟောပြောမှုများ၊ စစ်ကျန်လက်နက်အကျိုးဆက်များနှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မိုင်းသတိပေးဆိုင်ဘုတ်များ စိုက်ထူးထားပြီး မိုင်းအန္တရာယ်နှင့် စစ်ကျန်လက်နက် သတိပေးတားမြစ်မှုများ လုပ်ဆောင်ထားပြီး ပြည်သူလူထုများအား ပိုမိုလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။