သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော မြို့နယ်တွင် မိုင်းနင်းိ၍ ဒေသခံ ၁ ဦး ဘယ်ဖက်ခြေ အပြင်းအထန် ဒဏ်ရာရ

AB News – ဇန်နဝါရီ ၁၁ ၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ​​​မောင်​​​တောမြို့နယ် တောင်ဘာဇာရွာ တွင် မိုင်းနင်းမိ၍အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး ဘယ်ဖက်ခြေမျက်စိ အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသူမှာ ဘူးသီးတောင်မြို့နယ် ၊တောင်ဘာဇာရပ်ရွာမှ ဖြစ်ပြီး မောင်တောမြို့နယ်အမှတ် ( ၁ ) တိုက်နယ် ဘော်တူလာ​​စျေးတွင် ကုန်ထမ်းနေသူ အသက် ၃၀ နှစ်အရွယ် မြိုအမျိုးသား ဦးမောင်မောင်စိုး ဖြစ်ကြောင်းသိရသည်။

၎င်းသည် ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ မိနစ်အချိန်တွင် ဘော်တူလာ စျေးတွင် တဲဆောက်ရန် နွားစျေးဟောင်း မိုင်တိုင် (၅၀)  ဂိတ်အနီး၌ သစ်လုံးခုတ် ပြန်လာစဥ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဖက် ခြေမျက်စိအ​​ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ၎င်းမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈  ရက်နေ့တွင်လည်းမောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် မိုင်းနင်းမိ၍ အသက် ၂၀ အရွယ်လူငယ်တစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်။

နိုဝင်ဘာ ၁၇ ရက် ၊ ညနေပိုင်းတွင်လည်း မောင်တောမြို့နယ် ၊ ငန်းချောင်းမြောက်ရွာမှ  ကျွဲကျောင်းနေစဥ် မြေမြှုပ်မိုင်းနင်းမိ၍ အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့သည်။

အလားတူ နိုဝင်ဘာ ၁၄ ရက်ကလည်း မောင်
တောမြို့နယ် ၊ ခုန်တိုင်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် မြိုလူမျိုး ဦးဒေါင်ရွိုင်မှာ တောင်ပေါ်သို့ဝါးခုတ်ရန်သွားစဥ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ