
AB News – ဇန်နဝါရီ ၃ ၊ ၂၀၂၆
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် အင်တာနက်ပေါ်၌ အစွန်းရောက်ဝါဒဖြန့်ဝေသည့် အမျိုးသား ၁ ဦးကို Kerala ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လှုမှုကွန်ရက်အကောက်များမှ တဆင့် အစွန်းရောက် ဝါဒဖြန့်သူအား Kerala ပြည်နယ် အလယ်ပိုင်း ကိုင်ပါမန်ဂါလမ်ရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူမှာ အသက် ၂၅ နှစ်အရွယ် ရိုချီဒူအစ္စလာမ် ဖြစ်ပြီး ၎င်းသည် အာသံပြည်နယ် အတွင်း ၂ နှစ်နီးပါး နေထိုင်ခဲ့သည်။ ဖမ်းဆီးခံရချိန်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်ကိုင်နေကြောင်း သိရသည်။
ရိုချီဒူအစ္စလာစ်သည် ဘင်္ဂလားဒေ့ရှ်အပါအဝင် အိန္ဒိယပြင်ပတွင် အခြေစိုက်သော လူပုဂ္ဂိုလ်များနှင့် ဖုန်းခေါ်ဆိုမှုရှိပြီး ပါကစ္စတန်မှ AK- 47 ရိုင်ဖယ်များဝယ်ယူရန် ကြံစည်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဘာသာရေးအမုန်းတရားကို မြှင့်တင်ပေးပြီး အစွန်းရောက် အကြမ်းဖက် အစ္စလာမ်မစ် အယူဝါဒများသို့ ယိမ်းယိုင်ထပ်ဟပ်စေသည့် အွန်လှိုင်းအကြောင်းအရာများကို မျှဝေခဲ့ကြောင်း သိရသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သတ်၍ အာသံပြည်နယ်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့(STF) သည် ဒေသအတွင်း အစွန်းရောက်အဖွဲ့အစည်းများ၏ နည်လမ်းများနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
အာသံပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဂျီဟတ်ဝါဒီအစွန်းရောက် အစ္စလာမ်အဖွဲ့များဖြစ်သည့် Jamaat- ul- Mujahideen Bangladesh (JMB) နှင့် Imam Mahmuder Kafil (lMK) အဖွဲ့များ၏ ဝါဒဖြန့် လှုံဆော်မှုများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာ ၃၀ ရက်နေ့တွင်လည်း အာသံပြည်နယ်အတွင်း ဝါဒဖြန့် အစွန်းရောက် အစ္စလာမ်မစ် Indian Mujaideen- K အဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။