
AB News – ဒီဇင်ဘာ ၃၊ ၂၀၂၅
မောင်လိုကီ
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၀၄ ဦးကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီခွဲအချိန်တွင် ထိုင်းအာဏာပိုင်များက စစ်ကော်မရှင်ထံသို့ လွဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
ပြန်လည်ပို့ဆောင်ခံရသူများကို ရနောင်းခေါင်နန်းဟောင်မီးပြတိုက်လမ်းမှ မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြန်ပို့ခံရသူများအထဲတွင် အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၂၃ ဦးတို့ဖြစ်ကြပြီး စုစုပေါင်း ၁၀၄ ဦးကို ပြန်လည်ပို့ဆောင်ခဲခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုပို့ဆောင်ခြင်းမှာ ဒီဇင်ဘာလအတွင်း ပထမဦးဆုံးပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလတွင်လည်း မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲ၍ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွဲပြောင်းပေးသူများမှာ ဇန်နဝါရီလတွင် မြန်မာလုပ်သား ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လတွင် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် နှစ်ကြိမ် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦးနှင့် နိုဝင်ဘာလတွင် ၁၃၇ ဦး လွှဲပြောင်းပေးခဲ့ပြီး ယခုဒီဇင်ဘာလတွင်လည်း ၁၀၄ ဦး ထပ်မံလွဲပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်အတွင်း ထိုင်းဘက်က မြန်မာနိုင်ငံဘက်သို့အကျဥ်းသား ပြန်လည်လွှဲပြောင်းပေးခြင်းမှာ ၁၅ ကြိမ်မြောက်ထိရှိလာပြီး ပြန်လည်လွဲပြောင်းခံရသူ ၂၀၀၁ ဦး ရှိလာကြောင်း သိရှိရသည်။
နေရပ်ပြန်လည် ပို့ဆောင်ခံရသူများကို စစ်ကော်မရှင်က ၎င်းတို့သတ်မှတ်ထားသည့် စစ်မှုထမ်းအသက် အကျုံးဝင်ပါက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်မှုတာဝန်ထမ်းဆောင်ခိုင်းနေကြောင်း သိရှိရသည်။