
AB News – ဒီဇင်ဘာ ၂ ၊ ၂၀၂၅
ဆီုဖီ
လစ်ဗျားနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မူဆလင် ၁၇ဝ ကျော် ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် လစ်ဗျားအစိုးရမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံအတွင်း ခိုးဝင်နေသည့် မူဆလင် ၁၇၀ ကျော်ကို Burak Air လေယာဥ် တစ်စီးလုံး ငှား၍ ပြန်ပို့ခဲ့ပြီး ၎င်းတို့မှာ ယမန့်နေ့ ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၆ နာရီခန့် အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ လေဆိပ်သို့ ရောက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
လစ်ဗျားနိုင်ငံအတွင်း တရားမဝင်ခိုးဝင် နေကြသည့် မူဆလင် ၁၇၀ ကျော်အား လစ်ဗျားအစိုးရ၊ နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများအဖွဲ့(IOM)နှင့် ဘင်္ဂလားဒေ့ရှ် သံရုံးတို့ ပူးပေါင်းပြီး လစ်ဗျားနိုင်ငံမှ ပြန်ပို့ခြင်း ဖြစ်သည်။
အဆိုပါ တရားမဝင် ခိုးဝင်နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မူဆလင်များမှာ လူကုန်ကူးသူများထံမှတစ်ဆင့် ဥရောပသို့ ရွေ့ပြောင်း အခြေချရန် လစ်ဗျားနိုင်ငံသို့ တရားမဝင် ခိုးဝင်၍ နေထိုင်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် လစ်ဗျားနိုင်ငံတွင်း တရားမဝင် ခိုးဝင် မူဆလင်များ အများအပြားရှိနေသည့်အတွက် လစ်ဗျားအစိုးရမှ ၎င်းတို့ကို လစဥ်လတိုင်း ပြန်လည်ပို့ဆောင်နေရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်တွင်လည်း လစ်ဗျားနိုင်ငံတွင်း ခိုးဝင်နေထိုင်နေသော မူဆလင် ၁၇၀ ကျော်ကို လစ်ဗျားအစိုးရမှ ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လစ်ဗျားနိုင်ငံတွင် တရားမဝင် ခိုးဝင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူဆလင် ၇၇၉ ဦးအား နှင်ထုတ်ခဲ့ကြောင်း သိရသည်။
လူဦးရေအဆမတန်များသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူဆလင်များသည် အိမ်နီးချင်းနိုင်ငံနှင့် ဥရောပ၊ အမေရိက၊ အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်နေထိုင်မှု အလွန်များပြားလာခြင်းကြောင့် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်များက ဖမ်းဆီးခြင်း၊ နှင်ထုတ်ခြင်း၊ ပြန်ပို့ခြင်းများကို ဆက်တိုက် လုပ်ဆောင်လျှက် ရှိနေကို တွေ့ရှိရသည်။