သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်များ အရေပြားရေဂါဖြစ်ပွားမှု မြင့်တက်နေ

AB News – ဒီဇင်ဘာ ၂ ၊ ၂၀၂၅
ဂျူလိုင်

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် အရေးပြားရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ စစ်ဘေးရှောင် လူဦးရေ ၁ ထောင်ကျော်ခန့် မှီခိုနေထိုင်နေကြသော ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် အရေပြားရောဂါ ဖြစ်ပွားမှုမှာ ပိုမိုမြင့်တက်လာကြောင်း ဒေသခံများမှ တဆင့်သိရသည်။

“ယားနာတွေ ပြန်ဖြစ်လာကြတယ်။ သန့်ရှင်းမှုမရှိတာတွေရော ပါတယ်။ ရေမသန့်တာတွေ၊ လူတွေ စုပြီး နေရတာကြောင့် စဖြစ်ပြီဆိုတာနဲ့ အမြန်ကူးကုန်ကြတာ။ ကလေးလေးတွေ ပိုအဖြစ်များတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် ယခုနှစ် မိုးတွင်းက တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အချိန်မှီကုသခဲ့သဖြင့် ပျောက်ကင်းသွားခဲ့ကြောင်းသိရသည်။

လူဦးရေ ထူထပ်သော စစ်ဘေးရှောင်စခန်းများတွင် သန့်ရှင်းမှုအားနည်းသောကြောင့် လျှင်မြန်စွာ ကူးစပ်နေရကြောင်း နှင့် ဆေးဝါးအကူညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက AB News သို့ပြောသည်။

“အဒေါ်တို့မှာက တနေ့စာ တစ်နေ့ရှာ စားနေရတာ။ ခုက ပုံမှန်အလုပ်မရှိတော့ နေစဥ်စားသောက်ဖို့ကို အနိုင်နိုင် ရုန်းနေရတယ်။ ကျန်းမာရေး ကိစ္စတစ်ခုခုဆိုရင် ဆေးဝါးစရိတ်တွေ ဘာတွေ တော်တော် အခက်အခဲဖြစ်ရတယ် ” ဟု ဆိုသည်။
ရက္ခိုင်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်ကာလအတွင်း ရောက်ရှိလာချိန်တွင် စစ်ဘေးရှောင်ပြည်သူများမှာ အစားအသောက်နှင့် ဆေးဝါးအထောက်အပံ့များ မလုံလောက်သည့်အပြင် ငွေကြေးအဆင်မပြေမှုကြောင့် ဆေးဝါးကုသမှုများ မရရှိနိုင်ဘဲ ဖြစ်နေကြကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ရက္ခိုင်ပြည်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ကျောက်တော်၊ မင်းပြား၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း စသည့် မြို့နယ်တွေမှာ အရေးပြားရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားခဲ့ပြီး အာရက္ခပြည့်သူကျန်းမာရေးဌာနမှ အရေးပေါ်ကုသမှုများ ဆောင်ရွက်ခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲများအကြား ရက္ခိုင်ပြည်တွင်းမှ လူဦးရေ ၆၀၀၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း HDCO ၏ ဒီဇင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်ပါရှိသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ