အာရက္ခတပ်တော် ထိန်ချုပ်ထားတဲ့ ဒေသတွေမှာ ပြည်ပနှင့် ပြည်မထုတ် အရက်တွေကို ဖြန့်ဝေရောင်းချခွင့်၊ သောက်သုံးခွင့်တွေကို အာရက္ခတပ်တော်က ပိတ်ပင်လိုက်တဲ့ နောက်မှာ ရက္ခိုင်ဒေသထွက် ဓနိရည် (ခ) အုန်းရည် သောက်သုံးသူတွေ အရင်ထက် များလာတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ ဈေးကွက်တစ်ခုအဖြစ် တွင်ကျယ်လာတယ်လို့လည်း ပြောကြပါတယ်။