
AB News – အောက်တိုဘာ ၃၀ ၊ ၂၀၂၅
ငုဝါ
အာရက္ခရေပိုင်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇ ဦးကို အာရက္ခတပ်တော် ကမ်းရိုးတန်းလုံးခြုံရေး တပ်ခွဲက ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မောင်တောမြို့နယ်၊ ဧကရာဇ်ရွာ၏ အနောက်ဘက် ကမ်းရိုးတန်းမှ ၂.၁၅ ကီလိုမီတာ အကွာအဝေးတွင် တရားမဝင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးနှင့် ငါးဖမ်းလှေတစ်စီးကို အာရက္ခတပ်တော် အာရက္ခတပ်တော့ ကမ်းရိုးတန်းလုံခြုံရေးတပ်ခွဲထံ ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်နေ့တွင်လည်း မြင်းလွှတ်ကျေးရွာအနီး တရားမဝင် ဝင်ရောက်ခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးနှင့် ငါးဖမ်းဘုတ် ၂ စီး ၊ သဝင်ချောင်းရွာ၏ အနောက်ဖက် မီတာ ၈၀၀ခန့်အကွာ တွင်လည်း ငါးဖမ်းသမား ၇ ဦးနှင့် ငါးဖမ်းဘုတ် ၁ စီး ၊အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း နှခေါင်းတိုကမ်းခြေနှင့် မီတာ ၉၀၀ ခန့်အကွာတွင်လည်း ငါးဖမ်းဘုတ်တစ်စီး ၊ အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း ငါးဖမ်းသမား ၄ ဦး နှင့် ငါးဖမ်းဘုတ် ၁ စီးတို့ကိုဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဒေသခံ ငါးဖမ်းသမားတစ်ဦးက ” အာရက္ခတပ်တော်က ဂရုတစိုက် လိုက်လံဖမ်းဆီးနေတယ် ၊ ပထမ ဖမ်းမိသူတွေကို သတိပေးပြီး ပြန်ပို့တာတွေလည်းရှိတယ် ၊ အခုက သတိပေးတားမြစ်ချက်တွေ ထုတ်ထားတာတွေရှိလည်း သူတို့က ဆက်တိုက် ဝင်ရောက် ခိုးဖမ်းနေကြတယ်” ဟု ဆိုသည်။
အာရက္ခတပ်တော်သည် တရားမဝင် ငါးဖမ်းသမားများအား အကြိမ်ကြိမ်သတိပေးတားမြစ်၍ ဖမ်းဆီးမှုများပြုလုပ်နေသော်လည်းငါးဖမ်းသမားများမှာ အာရက္ခ ရေပိုင်နက်အတွင်းသို့ ဆက်လက် ဝင်ရောက်ခိုးဖမ်းနေသည်ကို တွေ့ရသည်။