သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ ၄ စီးနှင့်အတူ ငါးဖမ်းသမား ၁၂ ဦးကို အာရက္ခတပ်တော် ဖမ်းဆီး
တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ ၄ စီးနှင့်အတူ ငါးဖမ်းသမား ၁၂ ဦးကို အာရက္ခတပ်တော် ဖမ်းဆီး

AB News – သြဂုတ် ၂၄၊ ၂၀၂၅
နွယ်စိုး

အာရက္ခတပ်တော် (AA) သည် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၊ နတ်မြစ်ဝရှိ အာရက္ခရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ ၄ စီးနှင့်အတူ ငါးဖမ်းသမား ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက္ကနက်မြို့နယ်ဘက်မှ ဖြစ်ပြီး အာရက္ခရေပိုင်နက်အတွင်း မကြာခဏဆိုသလို ကျူးကျော်ဝင်ရောက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဘင်္ဂလားဘက်က ငါးဖမ်းစက်လှေတွေက ကျ​နော်တို့ရေပိုင်နက်ထဲကို အမြဲတမ်း ခိုးဝင်ငါးဖမ်းကြပါတယ်။ ဒီတစ်ခါလည်း ထပ်ဝင်လာလို့ AA က ဖမ်းသွားတာပါ” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် မီဒီယာအချို့တွင်လည်း “နတ်မြစ်ဝမှ ငါးဖမ်းပြီး ပြန်လာစဉ် AA က ဖမ်းသွားသည်” ဟု ဖော်ပြထားပြီး၊ ဖမ်းဆီးခံရသူများ လုံခြုံစွာ ပြန်လည်လွတ်မြောက်ရေးအတွက် တက်ကနက်မြို့နယ်အာဏာပိုင်များက ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။

တရားမဝင်ပိုင်နက် ကျူးကျော်မှုများသည် ​နေ့စဥ် ရှိနေသည့်အတွက် အာရက္ခတပ်တော်မှ လည်း ထိုကဲ့သို့ ခိုးဝင်လာသည့် စက်လှေများကို အချိန်နှင့်တပြေးညီ ဖမ်းဆီးအရေးယူလေ့ရှိကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက နတ်မြစ်ဝတွင် ခိုးဝင်ငါးဖမ်းခဲ့သည့် စုစုပေါင်း ၂၁၁ ဦးကို အာရက္ခတပ်​တော်က ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့ထဲမှ ၁၈၉ ဦးနှင့် စက်လှေ ၂၇ စီးကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ