သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်စစ်ဘေးရှောင်များအတွက် Arakan FC (JP)မှ ငွေကျပ် သိန်း ၃၀၀ လှူဒါန်း
ရက္ခိုင်စစ်ဘေးရှောင်များအတွက် Arakan FC (JP)မှ ငွေကျပ် သိန်း ၃၀၀ လှူဒါန်း
ရက္ခိုင်စစ်ဘေးရှောင်များအတွက် Arakan FC (JP)မှ ငွေကျပ် သိန်း ၃၀၀ လှူဒါန်း

AB News – သြဂုတ် ၁၅၊ ၂၀၂၅
မျိုးဟိန်း

ဂျပန်နိုင်ငံရောက် ရက္ခိုင်လူငယ်များ စုပေါင်းဖွဲစည်းထားသည့် Arakan FC (JP) အဖွဲက ရက္ခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ် သိန်း ၃၀၀ ကို သြဂုတ်လ ၁၁ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအလှူငွေများကို Arakan FC (JP) ၏ အသင်းတာဝန်ခံဖြစ်သူ ဆာမူရိုင်း က R ကြီး ဦးဆောင်သည့် အမျိုးပြည်သူ ပရဟိတအကျိုးဆောင်အဖွဲထံသို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငွေများသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော “အာရက္ခစစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေဖလား” ဘောလုံးပွဲမှ ရရှိခဲ့သည့် ရန်ပုံငွေများဖြစ်ကြောင်း Arakan FC (JP) ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

Arakan FC (JP) က စစ်ဘေးရှောင်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အဓိကထား သုံးစွဲစေလိုကြောင်း ပြောကြားခဲ့သည်။

အလှူငွေကို လက်ခံရယူခဲ့သည့် ကို R ကြီးကလည်း စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များကို စနစ်တကျ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင်ပြည်၌ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ၊ နေအိမ်များ၊ လယ်ဧကများ၊ စစ်ဘေးရှောင်စခန်းများနှင့် မွေးမြူရေးတိရစ္ဆာန် ထောင်နှင့်ချီ ပျက်စီးဆုံးရှုးခဲ့ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုအပြင် စစ်ဘေးရှောင်များမှာ နေရာထိုင်ခင်းနှင့် အမိုးအကာများ လိုအပ်နေပြီး ငှက်ဖျား၊ ဝမ်းရောဂါနှင့် အရေပြားရောဂါများလည်း ခံစားနေကြရကြောင်း အကူအညီပေးသူများ၏ ပြောကြားချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ