သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား​မြို့နယ်တွင် အမျိုးသား ၁ ဦး ရေနစ်သေဆုံး

AB News- ဇူလိုင် ၁၂၊ ၂၀၂၅
ဒေဝီ

မင်းပြားမြို့နယ်၊ အမှတ် ၃ တိုက်နယ်ရှိ ဇီးကိုင်းချောင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာမှ အဖ ဦးမောင်စောလှ၊ အမိ ဒေါ်စိန်ကျော့ဖြူတို့၏ သား အသက် ၂၉ နှစ်အရွယ် မောင်နိုင်လင်းဌေး ဖြစ်သည်။

မောင်နိုင်လင်းဌေးသည် ​ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး ဇူလိုင် ၁၀ရက်နေ့တွင် ဇီးကိုင်းချောင်း၌ ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ ၈ ရက်နေ့တည်းက ပျောက်သွားတာ။ ဘယ်သွားလို့သွားမှန်းမသိဘူး။ ပြန်ရှာတွေ့တော့ ချောင်းထဲမှာသေနေတာ။ ဘယ်လိုနစ်ပြီးသေသွားလဲတော့ အခုထိမသိရသေးဘူး။ ဟု ပြောသည်။

လက်ရှိတွင် ရေနစ် သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အုပ်ချုပ်ရေးဌာနနှင့် DELPS ဌာနတို့မှ ဆက်လက်စုံစမ်း လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ ကလည်း မောင်တောမြို့နယ်၊ အောင်သုခကျေးရွာ တွင် မအေးအေးသန်း (အသက် ၂၇ နှစ်) နှင့် ၎င်း၏အဖော် အယောင်းချေ တို့သည် ခင်ပွန်းဖြစ်သူထံ ထမင်းပို့ရန် သဝင်ချောင်း ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့သည်။

ရက္ခိုင်တွင် မိုးရာသီကာလအတွင်း ရေနစ်သေဆုံးသူစုစုပေါင်း ၁၃ ဦးအထိရှိလာပြီဖြစ်ကြောင်း AB News ၏ မှတ်တမ်းများအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ