သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ဘုရားဖူးယာဉ် တိမ်းမှောက်၊ အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဧပြီ ၂၇၊ ၂၀၂၅

ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင် ဘုရားအဆင်းလမ်းကွေ့တွင် ဘုရားဖူးခရီးသည်တင် သုံးဘီးယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားသို့ ဘုရားဖူးလာသည့် ခရီးသည်များလိုက်ပါလာသော သုံးဘီးယာဉ်သည် ဘုရားဖူးအပြီး ကျိန်းတောင်အဆင်း (အရှင်သီဝလိလမ်း) ၏ ကွေ့ဝိုက်များသောနေရာ၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“သူတို့က ပုဏ္ဏားကျွန်းက ဘုရားဖူးခရီးသည်တွေပါ။ ကျိန်းတောင်ဘုရားကို သုံးဘီးယာဉ်နဲ့ ဘုရားဖူးလာကြတာ။ ဘုရားဖူးပြီး ကျိန်းတောင်ပေါ်က အဆင်းလမ်းကောက်ကွေ့မှာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုဖြစ်သွားတာ။ ကျိန်းတောင်ကလည်း အကောက်အကွေ့တွေ အင်မတန်များတယ်။ ယာဉ်မှောက်မှုမှာ အမျိုးသား တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်လို့ သိရတယ်” ဟု ဆိုသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးကျော်ဇံဦးဖြစ်ကြောင်း သိရှိရသည်။

ဦးကျော်ဇံဦးသည် ဘယ်ဘက်မျက်နှာနှင့် လည်ပင်းတွင် ဒဏ်ရာများ ရရှိခဲ့​ပြီး နီးစပ်ရာ ဆေးခန်း၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ