သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ကို စစ်ကောက်စီအဖွဲ့ ဂျက်ဖိုက်တာ ၃ စီးဖြင့် ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်

(မြို့ခံ ၁ ဦးသေ ၊ ၂၀ ကျော် ဒဏ်ရာရ)

AB News – ဧပြီ ၁၉ ၊ ၂၀၂၅

ရက္ခိုင်ပြည် ၊ ကျောက်တော်မြို့ကို အကြမ်းဖက် စစ်ကောက်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ပြည်တော်သာ ၆ လမ်းမှ အသက် ၄၀ နှစ်အရွယ် ဦးကျော်စိုးချေ (ခ) မောင်ငယ် ဖြစ်သည်။

ယနေ့ နံနက် ၂ နာရီ ၃၈ မိနစ် နှင့် ၂ နာရီ ၄၂ မိနစ်တို့တွင် ပေါင် ၅၀၀ ဗုံး၂ လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၊ ၂ နာရီ ၄၇ မိနစ်နှင့် ၅၁ မိနစ်အချိန်တို့တွင်လည်း အတွဲလိုက်ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

” ညသန်းခေါင်ယံအချိန် ၊ လူတွေအကုန်လုံးအိပ်မောကျနေတဲ့အချိန်မှာ လာပြီးတေ့ာ ဗုံးကြဲသွားခဲ့တာပါ။ အတွဲလိုက်ဗုံးတွေရော ၊ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချခဲ့ပါတယ်။ ပွဲချင်းပြီး တစ်ဦး သေဆုံးခဲ့တယ်။ လူ ၂၀ ကျော်လောက် ဒဏ်ရာရတာ ရှိပါတယ်။ ဒါ့အပြင် နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ် ” ဟု ကျောက်တော်မြို့ခံ ၁ ဦးက AB News သို့ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူ ၂၀ ကျော်ခန့် ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက် ၊ မြို့သစ်ရပ်ကွက် နှင့် ရှမ်းရွာရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရှမ်းရွာရပ်ကွက်တွင်လည်း မပေါက်ကွဲဘဲ ဗုံးသီးများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့တွင်လည်း ကျောက်တော်မြို့ကို စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက်မပြည့်သေးသည့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ