သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
The Photo Story of IDP Muslim Children/စစ်ဘေးရှောင်မူဆလင်ကလေးငယ်များ ဓာတ်ပုံစတိုရီ

မောင်တောမြို့နယ် ဒုညောင်ပင်ကြီးရွာအနီး စစ်ဘေးရှောင်စခန်းက မူဆလင်ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို Arakan Bay News သတင်းထောက်တွေ လျှပ်တစ်ပျက် ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီဒေသဟာ အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး မောင်တောမြို့ထဲမှာ စစ်ကောင်စီနှင့် မူဆလင်အကြမ်းဖက် လက်နက်ကိုင်အုပ်စုတွေရဲ့ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရတဲ့ မြို့ခံ ၂ သောင်းကျော် ကို အာရက္ခတပ်တော်က ကယ်ထုတ်ယူလာခဲ့ပြီး နေရာထိုင်ခင်း၊ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပေးထားတာတွေ့ရပါတယ်။

ကယ်ထုတ်လာတဲ့ သူတွေထဲမှာ မူဆလင်အများစုဖြစ်ပြီးတော့ တခြား လူနည်းစုတွေဖြစ်တဲ့ ဟိန္ဒူ၊ မြို၊ သက်၊ ဒိုင်းနက် လူမျိုးတွေလည်း ပါတာတွေ့ရပါတယ်။

စစ်ဘေးရှောင်တွေကို AA က စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ နိုင်သလောက် ပေးထားတာဖြစ်ပေမယ့်လည်း ရေရှည်အတွက် အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေကို လိုအပ်နေတယ်လို့ AA  ကျန်းမာရေးဌာနက ထုတ်ပြန် တောင်းဆိုထားတာတွေ့ရပါတယ်။

ဒါ့အပြင် မြို့ထဲမှာ ပိတ်မိနေသေးတဲ့ မြို့ခံ မူဆလင်တွေနဲ့ တခြား လူနည်းစုတွေကိုလည်း AA  ကနေ့တိုင်း ကယ်ထုတ်ဖို့ ကြိုးစားနေတာကိုတွေ့ရပြီးတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လွတ်မြောက်လာတဲ့ သူတွေကိုလည်း AA ထိမ်းချုပ်နယ်မြေသို့ လာကြဖို့ ဖိတ်ခေါ်ထားတယ်လို့ မြေပြင် AA  တပ်မှူးတွေက ကဆိုပါတယ်။

လက်ရှိတွင် မောင်တောမြို့မှာ စစ်ကောင်စီအဖွဲ့က စစ်ရေး အရေးနိမ့်နေပြီး ဂျက်ဖိုက်တာ၊ Y12 ဗုံးကြဲလေယာဥ်တွေနဲ့ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတာရှိပါတယ်။

ဓာတ်ပုံ-Arakan Bay News/Hein Tun

မှတ်ချက်-လွတ်လပ်သည့် မည်သည့်မီဒီယာမဆို Arakan Bay News သတင်းဌာနမှ ဓာတ်ပုံ/ရုပ်သံဖိုင်များကို မူရင်းမပျက် ယူသုံးနိုင်ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။