သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်

AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄

ရက္ခိုင်ပြည် ရမ်းဗြဲမြို့ကို စစ်ကောင်စီအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၌ စစ်ကောင်စီ၏ အခြေချတပ်စွဲထားသည့် သိမ်တောင်ဘုရားကုန်းပေါ်ရှိ တပ်စခန်းမှ ရမ်းဗြဲမြို့ထဲသို့ ယနေ့၊ နံနက် ၁ နာရီ ၂၂ မိနစ်မှစ၍ နံနက် ၁၁ နာရီ ၂၂ မိနစ်အချိန်ထိ လက်နက်ကြီးများဖြင့် ၇ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြထားသည်။

ထို့အပြင် ယမန်နေ့တစ်မနက်လုံး ကလိန်တောင်မြစ် သလူချောင်းဝနှင့် ပြင်ချောင်းကြီးချောင်းဝအကြား ရပ်နားထားသော ရန်သူ့နေဗီကမ်းထိုးဇက်ရေယာဉ်နှင့် အမှတ် ၄၁ တိုက်ခိုက်ရေးနေဗီတို့မှလည်း မြစ်ကမ်းနားတစ်လျှောက်နေရာများအား လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ အဆက်မပြတ်တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

​ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ နေ့လယ် ၁၂ နာရီ ၅၆ မိနစ်မှ ၁ နာရီ ၅၃ မိနစ်အချိန်ထိ စစ်ကောင်စီ၏ အမှတ် ၄၁ တိုက်ခိုက်ရေးနေဗီသည် ရမ်းဗြဲမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ၉ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်အချို့အပါအဝင် သာသနိကအဆောက်အုံဖြစ်သည့် အောင်ဓမ္မဗိမာန်ဓမ္မာရုံနှင့် ကိုယ်ရံတောင်ဘုရားကုန်း အနီးတစ်ဝိုက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့ထဲမှ ပြည်သူအများစုမှာ မြို့ထဲတွင် မနေရဲတော့သည့်အတွက် နယ်ဖက်ကျေးရွာများတွင် စစ်ဘေးရှောင်နေကြရကြောင်းလည်း သိရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ