AB News – နိုဝင်ဘာ ၂၇၊ ၂၀၂၃
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ၅၅၀ တပ်ရင်းမှ ပြည်သူများရှိရာဖက်သို့ ဦးတည်ပစ်ခတ်နေကြောင်း သိရသည်။
ယနေ့မနက် ၉ နာရီခန့်က လက်နက်ကြီး ပစ်ခတ်လျက်ရှိပြီး မည်သည့်ဖက်သို့ ကျရောက်ပေါက်ကွဲသည်ကိုကား မသိရှိရသေးပေ။
လက်နက်ကြီးပစ်ခတ်နေသဖြင့် ပုဏ္ဏားကျွန်းမြို့ ခံများနှင့် လမ်းသွားလမ်းလာသူများ မရှိတော့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
” လက်နက်ကြီးပစ်တာကတော့ ၃၀ ကျော်သွားပါပြီ၊ ဘယ်ဖက်မှာ ပေါက်ကွဲတာတော့ မသိရသေးဘူး၊ လမ်းမှာလူတွေပြတ်သွားတယ် “ဟု ဆိုသည်။
ထို့အပြင် စစ်တွေမြို့မှ ပြောင်းကွဲသွားသည့် အမှတ် ၁၂ တပ်ရင်းမှလည်း ပေါက်တောဖက်သို့ လှမ်းကူပစ်ပေးနေကြောင်း မြို့ခံများကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ၎င်းတပ်ရင်းအနီးရှိ ကင်းတောင်ပေါ်တွင်တည်ရှိသော စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံမှ လက်နက်ကြီးပစ်ခတ်၍ ရွှေဦးရာဇ်မိုးကုတ်ကျောင်း ဝင်းအတွင်း ၁ လုံး၊ ရွှေတောင်တန်းကျောင်းအလွန် ဦး(………) အမည်မဖော်လိုသူ၏ နေအိမ်အနီး ၁ လုံး နှင့် ဆေးရုံနောက်ဖေးရှိ နေအိမ်တွင် ၁လုံး တို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။
ဦးရာဇ်တောင်ဘုရား ခြေရင်းရှိ ဦးရွှေဦးရာဇ်မိုးကုတ်ဘုန်းတော်ကြီးကျောင်းတွင် ကျည်ထိမှန်ပြီး ကျောင်းဆောင် ၁ ဆောင် ပြိုပျက်သွားခဲ့သည်။