သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
​အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးတိုးမြှင့်ရန် BSF ညွှန်ကြားရေးမှူးချုပ် ညွှန်ကြား​

AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆​

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) ညွှန်ကြားရေးမှူးချုပ် Praveen Kumar က ညွှန်ကြားလိုက်သည်။​

နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ရေး အပါအဝင် နယ်စပ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန်နှင့် အားနည်းချက်ရှိသော နယ်စပ်ဒေသများ၌ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။​

ညွှန်ကြားရေးမှူးချုပ် Praveen Kumar သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ကိုလ်ကာတာ (Kolkata) မြို့၌ ကျင်းပခဲ့သည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တာဝန်ခံ BSF အဆင့်မြင့်အရာရှိကြီးများနှင့် နှစ်ရက်တာ ညီလာခံအတွင်း ယင်းသို့ ဆွေးနွေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။​

အဆိုပါ ဆွေးနွေးပွဲတွင် လုံခြုံရေးအရ ထိခိုက်လွယ်သည်ဟု သတ်မှတ်ထားသော နယ်စပ်နေရာများ၌ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော တရားမဝင် ကျူးကျော်ဝင်ရောက်မှု အပါအဝင် ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ ကိစ္စရပ်များကို အလေးပေးတားဆီးရန် ညွှန်ကြားခဲ့သည်။​

ယင်းအပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် တရားမဝင် ကုန်ပစ္စည်းများကို ထိန်းချုပ်ရန်အတွက် အခြားဥပဒေစိုးမိုးရေး အေဂျင်စီများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် BSF အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာစေရန်လည်း ပြောဆိုခဲ့သည်။​

လာမည့် ၂၀၂၉ ခုနှစ်တွင် မူးယစ်ဆေးဝါးကင်းစင်သော အိန္ဒိယနိုင်ငံ ဖြစ်လာရေး အစိုးရ၏ ရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် BSF မှ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။​

ထို့အပြင် အဆိုပါ ဆွေးနွေးပွဲတွင် နယ်စပ်စီမံခန့်ခွဲမှု၊ ဆောင်ရွက်ဆဲ မြေယာသိမ်းဆည်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှု ထိန်းချုပ်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Source – Kalerkantho

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ