သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ရှောင်မျက်စိဝေဒနာရှင် ၂၀၀ ကျော်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယအကြိမ်အဖြစ် အခမဲ့ ဆေးကုသပေး

AB News – ဇွန် ၁၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်းမှ စစ်ရှောင်မျက်စိဝေဒနာရှင် ၂၂၃ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနက မျက်စိစမ်းသပ်ကိရိယာများဖြင့် ဒုတိယအကြိမ်ဖြစ် အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မျက်စိကုသခံယူကြသူများအထဲမှ မျက်စိအတွင်းတိမ်လူနာ ၃၃ ဦး၊ မျက်သားခြစ်လူနာ ၅ ဦး၊ ပါဝါမျက်မှန်တပ်လူနာ ၂၁ ဦး၊ စုစုပေါင်းလူနာ ၅၉ ဦးတို့ကို မေလ တတိယအပတ်က အခမဲ့ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။

ကုသမှုခံယူနေကြစဉ်အတွင်း နေစရိတ်၊ စားစရိတ်၊ ဆေးဖိုးဝါးခအပြင် အသွားအလာခရီးစရိတ်များနှင့် မျက်စိခွဲစိတ်ကုသချိန်၌ ကုန်ကျသည့် စရိတ်များအားလုံးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန(ဗဟို) မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါမျက်စိခွဲစိတ်ကုသမှုကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မိုဘိုင်းပုံစံဖြင့် သွားရောက်ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး ရှေ့ဆက်၍လည်း စစ်ရှောင်ပြည်သူများအပါအဝင် တခြားလိုအပ်သည့်နေရာများသို့ သွားရောက်ပြီး အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ပထမအပတ်ကလည်း မျက်စိဝေဒနာရှင် စစ်ဘေးရှောင်ပြည်သူ၂၀၀ ဝန်းကျင်ကိုလည်း အခမဲ့ဆေးကုသပေးခဲ့ပြီး ယင်းအထဲမှ ၂၇ ဦးမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပထမအကြိမ်ဖြစ် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံ့ပေးခြင်း၊ ကလေးနှင့် မိခင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ခြင်း၊ အခြေခံဆေးကုသပေးခြင်းနှင့် အထွေထွေရောဂါကုသပေးခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ