သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေခရိုင်ရှိ ကျေးရွာများနှင့် စစ်ရှောင်စခန်းများမှ ပြည်သူ ၆၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အခမဲ့ဆေးကုသပေး

AB News – ဩဂုတ် ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေခရိုင်ရှိ ကျေးရွာ (၃) ရွာနှင့် စစ်ရှောင်စခန်း (၂) ခုမှ ပြည်သူ ၆၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ဩဂုတ် ၁၇ ရက်မှ ဩဂုတ် ၂၁ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖျားရောဂါ အပါအဝင် အထွေထွေရောဂါများကို ဆေးကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းစဉ်များတွင် မျက်စိခွဲစိတ်ကုသခြင်း၊ သွားနှင့် ခံတွင်းရောဂါများ ကုသပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှုများကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက် ရှိသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် စစ်တွေခရိုင် အပါအဝင် ရက္ခိုင်ပြည်အတွင်းရှိ အခြားခရိုင်၊ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Photo – AHD

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ