သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(၁၇) ကြိမ်မြောက် အာရက္ခတပ်တော်နေ့ ဂုဏ်ပြုစာပေ ပြိုင်ပွဲအတွက် ရက္ခဝဏ္ဏ စာ​ပေကဗျာအဖွဲ့ စာမူဖိတ်ခေါ်

AB News – မတ် ၂၀၊ ၂၀၂၆

ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၇) နှစ်မြောက် အာရက္ခတပ်တော် (Arakan Army) တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် “ရက္ခဝဏ္ဏစာပေကဗျာ” အဖွဲ့က ဦးစီး၍ ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုတိုပြိုင်ပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် စာပေပြိုင်ပွဲသည် (၅) ကြိမ်မြောက် မြောက်ပြုလုပ်သည့် အစီအစဉ်ဖြစ်ပြီး ရက္ခိုင်ဘာသာစကားဖြင့် ရေးသားထားသည့် စာမူများကိုသာ လက်ခံယှဉ်ပြိုင် စေမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်မည့် ကဏ္ဍအလိုက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကဗျာကဏ္ဍတွင် ကာရန်ပါသော ကဗျာ သို့မဟုတ် ခေတ်ပေါ် (Modern) ကဗျာ အမျိုးအစားများကို A4 စာမျက်နှာ (၂) မျက်နှာခန့်ဖြင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ဆောင်းပါးကဏ္ဍအတွက်မူ အာရက္ခတော်လှန်ရေးနှင့် အမျိုးသားရေးဖြစ်စဉ်များအတွင်း တွေ့ကြုံရသည့် အတွေ့အကြုံများ၊ အာရက္ခတပ်တော်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး အမြင်များ၊ ဒေသန္တရဗဟုသုတ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ရှုထောင့်များကို အခြေခံ၍ ရေးသားယှဉ်ပြိုင်နိုင်သည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသူများအတွက် ဆုကြေးငွေများမှာ ( ၁ ) ဝတ္ထုတို ပထမဆု – မြန်မာကျပ်ငွေ (၄) သိန်း ( ၂ ) ကဗျာ ပထမဆု – မြန်မာကျပ်ငွေ (၃) သိန်း ( ၃ ) ဆောင်းပါး ပထမဆု – မြန်မာကျပ်ငွေ (၃) သိန်း နှင့် အခြားဂုဏ်ပြုဆုများကို အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ စာမူများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှ စတင်၍ ဧပြီလ (၁၀) ရက်နေ့ ညဉ့် (၁၂) နာရီအထိ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

သတ်မှတ်ရက်ထက် ကျော်လွန်ပေးပို့လာသော စာမူများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း “ရက္ခဝဏ္ဏစာပေကဗျာ” အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

AB_News #ArakanArmy17thAnniversary #RakhineLiterature #ArakaneseLanguage #LiteratureCompetition #PoetryContest #ArticleWriting #ShortStoryCompetition #Rakkhawunna

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ