Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကိုဖြစ်သူတို့ကို အကြမ်းစစ်ကောင်စီအဖွဲ့ ဖမ်းဆီး

ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီခန့် မူဆလင်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် အစ်ကို ဖြစ်သူတို့ကို ယမန်နေ့ ဧပြီလ ၂၀ရက်နေ့ ညနေ ၃ခန့်အချိန်တွင် မြို့သူကြီး နခခ ၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု ၃၄နှင့် မာမောက်တာယာ ၃၆နှစ်တို့ ဖြစ်သည်။

ဖမ်းဆီးခံရသူ မောင်တောမြို့၊ မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး အာယု

 ယမန်နေ့ ညနေ ၃ခန့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ဦးရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ညီအစ်ကို ၂ဦးကို ဖမ်းဆီးသွားကြောင်း နီးစပ်သူ ၁ဦးက AB News သို့ ပြောကြသည်။

“မနေ့က စစ်ကောင်စီတပ်သား ၃၀နီးပါးဟာ အုပ်ချုပ်ရေးမှူး အာယု နေအိမ်ကို စီးနင်းဝင်ရောက်ပြီး သူနန့် သူ့အစ်ကို ကို ဖမ်းဆီးသွားတယ်” ဟု ဆိုသည်။

ယခုနှစ် မတ်လအတွင်းကလည်း အုပ်ချုပ်ရေးမှူး အာယု အား စစ်ကောင်စီတပ်သားများက မြို့သူကြီး နခခ ၅အတွင်းသို့ ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ရက်နေ့ကလည်း မောင်တောမြို့၊ ကညင်တန်းရပ်ကွက်မှ ဇာဖားအာမတ်အား သူ၏ နေအိမ်တွင်လာရှာရာ မတွေ့ရှိသောကြောင့် သူ၏ မိခင်နှင့် ဇနီးဖြစ်သူတို့ကို နခခ ၅မှ စစ်ကောင်စီတပ်သားများအပါအဝင် လက်နက်ကိုင် မူဆလင်တပ်သားသစ်များ ၆၀ ဦးခန့်က ဖမ်းဆီးသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးပြီး တစ်ခြားတစ်ဖက်တွင် ၎င်းတို့အား မထောက်ခံသည့် ဒေသခံမူဆလင်များကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ