သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း သွေးလွန်တုတ်ကွေးလူနာ ၁၀၁ ဦး တွေ့ရှိ



AB News – ဇွန် ၁၉၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လ ၁၈ ရက်နေ့ တစ်ရက်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံရသူ လူနာသစ် ၁၀၁ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးရုံး (DGHS) ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၁၈ ရက်၊ နံနက် ၈ နာရီအထိ ​(ပြီးခဲ့သည့် ၂၄ နာရီအတွင်း ) ကောက်ယူရရှိထားသော စာရင်းများအရ သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံရသူ ၁၀၁ ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာသစ် ၁၀၁ ဦးမှာ ဘာရီဆော (Barisal) တွင် ၃၅ ဦး၊ စစ်တကောင်း (Chittagong) တွင် ၁၄ ဦး၊ ဒါကာ (Dhaka) တွင် ၁၀ ဦး၊ ဒါကာ မြောက်ပိုင်း စီးတီးကော်ပိုရေးရှင်း (DNCC) တွင် ၁ ဦး၊ ဒါကာ တောင်ပိုင်း စီးတီးကော်ပိုရေးရှင်း (DSCC) တွင် ၁၄ ဦး၊ မိုင်မန်ဆင်း (Mymensingh) တွင် ၁ ဦး၊ ရာ့ဂျ်ရှာဟီ (Rajshahi) တွင် ၆ ဦးနှင့် ခူလ်နာ (Khulna) တွင် ၂၀ ဦး တို့ဖြစ်ကြပြီး ၎င်းတို့အားလုံးကို ဆေးရုံတင်ကာ ကုသပေးထားရကြောင်း သိရသည်။

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄,၆၀၀ ဦးနှင့် သေဆုံးသူ ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံရသူ ၁၀၂,၈၆၁ ဦးနှင့် သေဆုံးသူ ၄၁၃ ဦးအထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းက ကူးစက်ခံရသူ ၁၀၁,၂၁၄ ဦးနှင့် သေဆုံးသူ ၅၇၅ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ