သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သမ္မတအသစ် မင်းအောင်လှိုင် ကို ‘ဝ’ တပ်ဖွဲ့ ဂုဏ်ပြု

AB News – ဧပြီ ၃၊ ၂၀၂၆

မြန်မာနိုင်ငံတွင် သမ္မတအသစ် ဖြစ်လာသည့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုက ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

‘ဝ’ ပြည်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ခွဲထုတ်မရသော အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံ‌တော်မှ ခွဲထွက်ခြင်း၊ သီခြားလွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာရပ်တည်ကြောင်း ထုတ်ပြန်ထားသည်။

လူမှုဘဝတိုးတက်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး စစ်ကော်မရှင်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်ချုပ်အပြောင်းအလဲနှင့် ပတ်သတ်၍ ရှမ်းပြည်နယ်အထူးဒေသ(၂) ပန်ဆန်းမြို့အခြေစိုက် ‘ဝ’ပြည်သွေးစည်ညီညွတ်ရေးတပ်မတော်(UWSP/UWSA)ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်