ရက္ခိုင် မြောက်ပိုင်းမှ လူဦးရေ နှစ်သောင်းနီးပါးကို WFP က အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ဖြန့်ဝေခဲ့ကြောင်း ယနေ့ မနက်က ထုတ်ပြန်လိုက်သည်။
ရက္ခိုင်ဒေသအတွင်းရှိ စစ်ဘေးဒဏ်သင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲများဖြင့် ကြုံတွေ့နေကြရသည်ဟု AB News မြေပြင်ကွင်းဆင်းလေ့လာချက်အရ တွေ့ရသည်။
ထိုအပြင် WFP ၏ အထောက်အပံ့ဖြင့် ရပ်တည်နေကြရသည့် ရက္ခိုင်မြောက်ပိုင်းမှ လူဦးရေ ၁သိန်းကျော်မှာ စားရေးသောက်ရေး ခက်ခဲလျက် ရှိနေကြသည်။
ရက္ခိုင်တွင် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီအဖွဲတို တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို ပိတ်ဆိုခဲ့သည့်အပြင် ကုန်စည်များ သယ်ယူပိုဆောင်ခွင့်ကို ကန့်သတ်လိုက်သောကြောင့် ပြည်သူများ စားသောက်ကုန်များ ပြတ်တောက်ခဲ့သည်မှာ ၅လခန့် ရှိပြီဖြစ်သည်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှ လက်ရှိအချိန်ထိ ရခိုင်ပြည်မြောက်ပိုင်းမှ လူဦးရေ ၂ဝ,ဝဝဝ နီးပါးကို WFP က စားနပ်ရိက္ခာအကူအညီများ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ယနေ့ ဧပြီလ ၈ရက်၊ မွန်းလွှအချိန်တွင် United Nations Myanmar က ထုတ်ပြန်သည်။
ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့ ပိုဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုတွေကြားက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကနေ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေ ၂ဝ,ဝဝဝ နီးပါးထံကို အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီတွေ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း
WFP ကဖော််််ပြထားသည််။
ရက္ခိုင်မြောက်ပိုင်းတွင် WFP က စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့သည့် မြိုများ၊ ကျေးရွာများနှင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများအား ဖော်ပြထားသည်ကို မတွေ့ရပေ။
အမ်းမြိုတွင် အဓိက စားကုန်ဖြစ်သည့် ဆန်ပြတ်လပ်နေပြီး မိသားစု တစ်စုလျှင် ၁ရက်အတွက် ဆန် ၂ပြည်သာ ဝယ်ယူ၍ ရသည်ဟု ပြောဆိုသည်။
ဆန်လာရောင်းတဲ့ ကားတွေ ရောက်ရင် အလုအယက် ဝယ်ရတယ်။ မိသားစု ၁စုဟာ ဆန် ၂ပြည်ဘဲ ဝယ်လိုရတယ်။ တချိုဆို မရလိုက်ကြဘူး။ ဆန် ၁ပြည် ၄ထောင်ကျပ်ပေးပြီး ဝယ်မရ ဖြစ်နေတယ် ဟု
ဒေသခံတစ်ဦီးက ဆိုသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ မီး လောင် ဆုံးရှုးခဲ့ပြီး လက်ရှိတွင် စားရေးသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မင်းပြားမြိုနယ်၊ င/တန်ပျင်းရွာက အမျိုးသမီး ၁ဦးက ပြောသည်။
ဂျန်နဝါရီလ ကတည်းက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရတယ်။ ရှိသမျှ ပစ္စည်းတွေ အကုန်ပါသွားတယ်။ ဘာမှ မရှိတော့ပါဘူး။ အလုပ် လုပ်ဖိုကလည်း အဆင်မပြေဘူး။ မိသားစု စားဝတ်နေရေးအတွက် ခက်ခဲနေပါတယ်။ ကျမတိုတွေ ငတ်ပြီး သေကြတော့မယ်။ ဘာအဖွဲအစည်းကမှ ကူညီတာလည်း မရှိပါဘူး
ဆိုသည်။
ရက္ခိုင်ဒေသအတွင်း ၁၇မြိုနယ်ရှိသည့်အနက် မြိုအချိုတွင်သာ အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ရရှိကြပြီး အခြားမြိုများရှိ ဒေသခံများမှာ အစားအသောက်ပြတ်တောက် ငတ်မွတ်လျက်ရှိနေကြသည်။
လာမည့် ရက်သတ္တပတ်တွင်လည်း ရခိုင်ပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်းတိုမှာ WFP အနေဖြင့် ဆက်လက်ပြီး ရိက္ခာအထောက်အပံ့တွေ ဖြန့်ဝေသွားရန် စီစဥ်ထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရက္ခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၃၅၈၂၀၀ အထိ တိုးလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ယခု ဧပြီလ ၄ရက်နေ့တွင်ထုတ်ပြန်သည်။
ထိုအပြင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း စစ်ဘေးဒုက္ခသည် ၆၂၃၃၂ ဦးခန့်ရှိပြီး ယခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း ၂၉၅၈၆၈ ဦးတိုးလာပြီး ရက္ခိုင်တွင် လက်ရှိစစ်ရှောင်ဒုက္ခသည်ဦးရေ ၃၅၈၂၀၀ ဦးရှိသည်။
ရက္ခိုင်ပြည်တွင် စစ်ဘေးဒုက္ခသည် ၄ သိန်းနီးပါးရှိသည့်အနက် စစ်ဘေးဒုက္ခသည် ၃၀ ရာခိုင်နှုန်းခန့်သာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိပြီး အခြားစစ်ဘေးရှောင်များမှာ အစား၊ အသောက်များ အရေးပေါ်လိုအပ်နေကြောင်း HDCO ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ-United Nations Myanmar