
AB News – မေ ၁၂၊ ၂၀၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အလုပ်လုပ်ကိုင်နေစဉ် မိသားစုနှင့် ၉ လခန့် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသည့် ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာမှ မကျီကျီအေး (၂၁ နှစ်) သည် ယခုအခါ မိသားစုနှင့် ပြန်လည်အဆက်အသွယ် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
မကျီကျီအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သူ၏ ပြောပြချက်အရ ၎င်းနှင့် ပြန်လည်အဆက်အသွယ် ရရှိသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အဆက်အသွယ်ပြတ်တောက်နေသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြရာမှ ယခုအခါ ပြန်လည်ဆက်သွယ်မိခြင်း ဖြစ်သည်။
ဆက်သွယ်ရေး အခက်အခဲများကြားမှ သတင်းအစအနရရှိရန် ဝိုင်းဝန်းကူညီ ပေးခဲ့ကြသူများအားလုံးကိုလည်း မိသားစုဝင်များက ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။