သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြဝတီတွင် ပျောက်ဆုံးနေသည့် ပေါက်တောမြို့နယ်မှ အမျိုးသမီးငယ် မိသားစုနှင့် ပြန်လည်အဆက်သွယ်ရရှိ

​AB News – မေ ၁၂၊ ၂၀၂၆

​ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အလုပ်လုပ်ကိုင်နေစဉ် မိသားစုနှင့် ၉ လခန့် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသည့် ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာမှ မကျီကျီအေး (၂၁ နှစ်) သည် ယခုအခါ မိသားစုနှင့် ပြန်လည်အဆက်အသွယ် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

​မကျီကျီအေး၏ အစ်ကိုဝမ်းကွဲတော်စပ်သူ၏ ပြောပြချက်အရ ၎င်းနှင့် ပြန်လည်အဆက်အသွယ် ရရှိသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အဆက်အသွယ်ပြတ်တောက်နေသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြရာမှ ယခုအခါ ပြန်လည်ဆက်သွယ်မိခြင်း ဖြစ်သည်။

​ဆက်သွယ်ရေး အခက်အခဲများကြားမှ သတင်းအစအနရရှိရန် ဝိုင်းဝန်းကူညီ ပေးခဲ့ကြသူများအားလုံးကိုလည်း မိသားစုဝင်များက ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်