သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်းရှိ ကြိမ်နွယ်ပင် ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပြီး နေအိမ် ၄၃၀ ပြာကျ

ABN-ရှိုင်းမိုး

ယနေ့ ညနေ ၅နာရီကျော်အချိန်တွင် ရခိုင်ပြည် ပေါက်တောမြို့ ပိန္နဲချောင်းကျွန်းရှိ ကြိမ်နွယ်ပင် မူဆလင် ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားကာ လူနေအိမ် ၄၃၀ ကျော် မီးလောင်ပြာကျသွားကြောင်း သိရသည်။

ပေါက်တောမြို့နယ် မင်းသာဖ ( မူဆလင် ) ရွာမှ ဦးအာလီယာချေ၏ နေအိမ်မှ ထမင်းချက်မီးမှ စ၍မီးလောင်မှုဖြစ်ပွားသည်ဟုသိရသည်။

မင်းသာဖရွာမှတဆင့် ကြိမ်နွယ်ပင်ဒုက္ခသည်စခန်း ဖက်သို့ မီးကူးသွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ထိုမီးလောင်မှုကြောင့် ဒုက္ခသည်စခန်းရှိ နေအိမ် ၄၃၀ ကျော် မီး​လောင်ပြာကျသွားခဲ့သည်ဟု ကြိမ်နွယ်ပင် ဒုက္ခသည်စခန်းက မူဆလင် ဒုက္ခသည် ၁ ဦးက ABN သို့ပြောသည်။

“ထမင်းချက်တဲ့နေရာက စလောင်တာပါ၊ အိမ်ခြေ ၄၃၀ကျော်ပြာကျသွားပါတယ်၊ လူတွေတော့ အထိအခိုက်မရှိပါဘူး၊ မီးက မင်းသာဖရွာကနေပြီး ကြိမ်နွယ်ပင်ဖက်ကို ကူးသွားပါတယ်၊ အဲဒီမှာက မူဆလင် ဒုက္ခသည်တွေနေထိုင်ကြတယ်” ဟုပြောသည်။

ထိုဒုက္ခသည်စခန်းသည် ၂၀၁၅ တွင် ၁ ကြိမ်နှင့် ၂၀၁၈ တွင် ၁ကြိမ်မီးလောင်ခဲ့ဖူးသည်ဟုသိရသည်။

ယခင်နှစ်များက မီးလောင်မှုများကြောင့်လည်း နေအိမ်အချို့ပျက်စီးခဲ့သည်။

ဓာတ်ပုံ-ဒုက္ခသည်စခန်းအား မီးလောင်နေသည်ကို မြင်ရသည့်ပုံ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ