ABN-မေအိအိအောင်
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျနေသည့် မြန်မာနိုင်ငံသား ၁၃၂ ဦး ကို ယမန်နေ့မတ်လ ၁၇ ရက်နေ့က နေရပ်ပြန်ပို့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၂ ဦး ပြန်လွတ်မြောက်လာပြီး နေရပ်ပြန်ပို့ခဲ့ကြောင်းသိရသည်။
လွတ််မြောက်လာသူများတွင် အမျိုးသမီး ၃၃ ဦးနှင့် အမျိုးသား ၉၉ ပါဝင်ပြီး ၎င်းတို့ကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ စက်လှေဖြင့် ကော့သောင်းဖက်သို့ ပို့ခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန် မြန်မာနိုင်ငံသားများကို ကော့သောင်း ဒေသအာဏာပိုင်များက ကိုဗစ်-စစ်ဆေးခြင်းများ၊ ကိုယ်ရေးအချက်အလက်စစ်ဆေးမှုများနှင့် အသိပညာပေးမှုများပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့သည်
![ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျနေရသည့် မြန်မာ ၁၃၂ ဦးကို နေရပ်ပြန်ပို့](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/03/1-4.jpg?resize=650%2C867&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/03/2-3.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/03/3-1.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/03/4.jpg?resize=650%2C366&ssl=1)