သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ပြီး ကျောက်တော်တွင် မူဆလင်အမျိုးသမီး တစ်ဦးသေဆုံး

ရပ်ရွာများအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်နေ့ညက

အသက် ၃၀ အရွယ်ရှိ မူဆလင်အမျိုးသမီးတစ်ဦးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့် မူဆလင်အမျိုးသမီးမှာ ကျောက်တော်မြို့နယ် အထက်ပိုက်သည်ကန်ပိုက်မူဆလင်ကျေးရွာမှ အဖ ဦးမာမောက်တူချော၏ သမီး အသက် ၃၀ အရွယ်ရှိ ဒေါ်ယာစ်မီနာဖြစ်သည်။

ကျောက်တော် တောင်ပေါ်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်စသည် ထိုမူဆလင်အမျိုးသမီး၏ ညာဖက်ပေါင်ရင်းတွင် ထိမှန်ပြီး

ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အပေါက်ဝဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ရာ လမ်းခုလတ်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကဆိုသည်။

“ည ၇ နာရီခွဲလောက်မှာ ကျောက်တော်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ ကျည်ထိမှန်ပြီး သေဆုံးသွားတာပါ။ ကျနော်တို့ သူ့ကို အပေါက်ဝဆေးရုံသို့ တင်ဖို့ ယူလာတဲ့

လမ်းမှာပဲ ဆုံးသွားတာပါ။ ဆေးရုံရောက်တဲ့ခါ အသက်မပါတော့ပါဘူး” ဟု ကူညီဆောင်ရွက်ပေးနေသူ ဒေသခံက ပြောသည်။

သေဆုံးသွားခဲ့ရသည့် မူဆလင်အမျိုးသမီးမှာ အိမ်ထောင်သည် ၁ ဦးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့ည ၇ နာရီကျော်ခန့်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား

ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၂၀ခန့် နှစ်ဖက် တိုက်ပွဲများ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး ကြောကျတောျတောာငျပေါျတှငျ

တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် အောက်တိုဘာ ၁၇ နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ မင်းပြားမြို့နယ် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပစ်ခတ်မှုများကြောင့်

ကျောင်းဆရာမ ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ရပြီး အပြစ်မဲ့အရပ်သား ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ