AB News – အောက်တိုဘာ ၁၈၊ ၂၀၂၆
ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ်အတွင်း ရေလမ်းကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေး ဆုံရာနေရာဖြစ်သည့် ချောင်းဆုံကို စစ်ကော်မရှင်တပ်က ယနေ့ နေ့လယ်ပိုင်းတွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ထိခိုက်သေဆုံးသူ အများအပြား ရှိနေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်၊ နေ့လယ် ၁ နာရီ ၃၈ မိနစ်ဝန်းကျင်တွင် ပလက်ဝမြို့နယ်၊ ချောင်းဆုံသို့ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် ကုန်စည်ကူးသန်း သွားလာနေသူများနှင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးသူ အများအပြား ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို AB News ဆက်လက် စုံစမ်းလျက်ရှိသည်။
(ပုံ – ပေးပို့)






