သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လုံးတော်ပေါက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း နွားတစ်ကောင် သေဆုံး၊ ၂ ကောင် ဒဏ်ရာရ

AB News – အောက်တိုဘာ ၁၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်(ခွဲ)၊ လုံးတော်ပေါက်ကျေးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၂၀ မိနစ်ခန့်တွင် စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်မှုရာ နွား တစ်ကောင် သေဆုံးပြီး ၂ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံး ၆ လုံး ကြဲချခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နွား ၂ ကောင် ဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်မီးပေးဝေရေး တာဝါတိုင်တစ်တိုင်နှင့် စစ်ရှောင်နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

“ပထမဆုံးကျတဲ့ ဗုံးတစ်လုံးက လုံတော်ပေါက်တံတားနားမှာ ကျတာပါ။ အဲဒီနောက်မှာလည်း တစ်လုံးပြီးတစ်လုံး ဝဲပြီး ကြဲချသွားတာဆိုတော့ အရမ်းကြောက်စရာကောင်းတယ်။ ဘယ်နေရာကို ထပ်ကြဲလာမလဲဆိုတာလည်း မသိဘူး၊ ပြေးစရာနေရာတောင် မရှိတော့သလို ခံစားရတယ်” ဟု လုံးတော်ပေါက်ရွာသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုအောက်တိုဘာလအတွင်း ရက္ခိုင်ပြည်ရှိ ဒေသများကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ – Arakan Bay News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ