သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တအာင်းစာပေကို တက္ကသိုလ်အဆင့်ထိ မြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ်ခေတ်တွင် ပိုမိုကျယ်ပြန့်လာစေရန် PSLF/TNLA အထွေထွေအတွင်းရေးမှူး တိုက်တွန်း

AB News – ဩဂုတ် ၃၀၊ ၂၀၂၆

တအာင်းစာပေကို အနာဂတ်တွင် တက္ကသိုလ် မေဂျာဘွဲ့နှင့် မဟာဘွဲ့အဆင့်အထိ ရောက်ရှိစေရန် မျှော်မှန်းထားသကဲ့သို့ ဒစ်ဂျစ်တယ် နည်းပညာခေတ်နှင့်အညီ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်က ပြောကြားလိုက်သည်။

တအာင်းပြည်၊ နမ့်ခမ်းမြို့၌ တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ပြုလုပ်သည့် ဆရာဖြစ်သင်တန်း (TOT) အပတ်စဉ် (၆) သင်တန်းဆင်းပွဲတွင် ၎င်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၂၆ ရက်က ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် အိုမ်တမာဝ်း၊ TLA ဥက္ကဋ္ဌ ဦးလှအောင်နှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် တအာင်းစာပေ၊ ဘုံစာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရုံတင်မကဘဲ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးမည့် ဦးဆောင်သူများအဖြစ် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ဘုန်းကျော်က ဆိုသည်။

ထို့အပြင် ဆရာကျင့်ဝတ်နှင့် အလုပ်တာဝန်များကို လေးစားလိုက်နာပြီး ဒေသတွင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းကြရန်ပါ ထည့်သွင်းမှာကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်ကြားရေးကာလအတွင်း ထူးချွန်စွာ သင်ယူနိုင်ခဲ့သည့် သင်တန်းသားများကို ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ် (Certificate) များ ပေးအပ်ခဲ့ပြီး၊ သင်တန်းဆင်း ဆရာ၊ ဆရာမများသည် တအာင်းပြည်အတွင်းရှိ စာသင်ကျောင်းများ၌ အသီးသီး သွားရောက်တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ