သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်ကို စစ်ကော်မရှင် Y-12 လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်နေ

AB News – ဩဂုတ် ၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က Y-12 လေယာဉ်အသုံးပြု၍ ထပ်မံလေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ယနေ့ ဩဂုတ် ၄ ရက် ညပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် Y-12 လေယာဉ်ဖြင့် ၉ နာရီ ၇ မိနစ်တွင် ထပ်မံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တိုက်ခိုက်ခံရသည့် နေရာ၊ ဗုံးကျရောက်မှု၊ ထိခိုက်ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှု အခြေအနေများကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အသေးစိတ်အချက်အလက်များကို အတည်ပြုရရှိသည်နှင့် ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ