သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် ခရီးသည်တင်ယာဉ် တိုက်မိ၍ Grade-3 ကျောင်းသားတစ်ဦး ပွဲချင်းပြီး သေဆုံး

AB News – သြဂုတ် ၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဩဂုတ်လ ၁ ရက်၊ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်တင် မော်တော်ယာဉ်တစ်စီးတိုက်မိ၍ Grade-3 ကျောင်းသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။

​သေဆုံး​သွားသော ကလေးငယ်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် ၁၀ နှစ်အရွယ် မောင်ဟိန်းတိုးနိုင် (Grade-3 ကျောင်းသား) ဖြစ်သည်။

ဖြစ်စဉ်မှာ မောင်ဟိန်းတိုးနိုင်သည် သူငယ်ချင်း ၃ ဦးနှင့်အတူ ကျောင်းတက်ရန်အတွက် သာစည်ကျေးရွာနှင့် လက်ဝဲစာတိုက်ကျေးရွာကြား လမ်းအကွေ့တွင် ဆရာမအလာကို စောင့်ဆိုင်းနေစဉ် မျက်နှာချင်းဆိုင်မှလာသော ယာဉ်တစ်စီးကို ရှောင်တိမ်းလိုက်သည့် ခရီးသည်တင်ကားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၁ ဦး လိုက်ပါလာပြီး ယာဉ်တိုက်မှုအပြီး ကားတိမ်းစောင်းသွားခဲ့သဖြင့် ခရီးသည်အချို့လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

လက်ရှိတွင် ယာဉ်မောင်းအား တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo – Narinjara

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ