သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်ရှိ ရေနစ်ပျက်စီး လယ်ယာများအတွက် ULA/AA က မျိုးစပါးတောင်း ၂၀၀၀ အခမဲ့ထောက်ပံ့ဖြန့်ဝေ

AB News – ဩဂုတ် ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ULA/AA က ဘင်္ဂလာမျိုးစပါးတောင်း ၂,၀၀၀ (အိတ် ၅၀၀) ကို အခမဲ့ ထောက်ပံ့ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။

အဆိုပါ မျိုးစပါးများကို မြို့နယ်နှင့် ခရိုင်ပါတီတာဝန်ရှိသူများ၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဌာနခွဲတို့ ပူးပေါင်းကာ ဩဂုတ် ၁ ရက်တွင် စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးမည့် အစီအစဉ်အရ ရေနစ်မြုပ်မှုကြောင့် ပျိုးပင်များပျက်စီးခဲ့သည့် လယ်သမားများကို ပျက်စီးလယ်ယာ တစ်ဧကလျှင် မျိုးစပါး ၄ တောင်း (တစ်အိတ်) နှုန်းဖြင့် ဧက ၅၀၀ အတွက် စနစ်တကျ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်တွင် ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာနှင့် စပါးပျိုးခင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့သည်။

ယင်းကဲ့သို့ ရေဘေးကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ULA/AA က လိုအပ်သည့် မျိုးစပါးများကို ထိခိုက်ပျက်စီးသည့် ဒေသများသို့ ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ