သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကော်မရှင် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံး

AB News – မေ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ပြင်ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းကျေးရွာတွင် စစ်ရှောင်နေသော အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးခဲ့သူမှာ စနဲမြို့၊ ကံပြင်ရပ်ကွက်မှ ပေါက်ပြင်ကျေးရွာသို့ စစ်ရှောင်လာသူ အသက်၂၄ နှစ်အရွယ် ကိုမိုးထက်ပိုင် ဖြစ်ပြီး ၎င်းနေထိုင်သည့် နေအိမ်သို့ လက်နက်ကြီးကျရောက်ခဲ့ကာ ကျည်စထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စကမနေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသည့်အပြင် ကျေးရွာရှိနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့နယ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာများကို စကမတပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်းများ ထိခိုက်ပျက်စီးနေရကြောင်း ဒေသခံများက ဆိုကြသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့တွင် ဒရုန်းတိုက်ခိုက်မှုအပါအဝင် ရေတပ်နေဗီများမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံ သက်ကြီးရွယ်အို အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး ဈေးဆိုင်ခန်း ၇၀ နှင့် ပြည်သူပိုင်နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ