သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AA ကို ထိုးစစ်ဆင်လာသည့် စကမ စစ်ကြောင်း အထိအခိုက်များ၍ တပ်ပြန်ဆုတ်


AB News – မေ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်(AA) ကို ထိုးစစ်ဆင်လာသည့် တောင်မော်ဦးရေတပ်မှ စစ်ကော်မရှင်စစ်ကြောင်းများ အထိအခိုက်များ၍ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှစ၍ တောင်မော်ဦးရေတပ်မှ ထိုးစစ်ဆင်လာသည့် စကမ စစ်ကြောင်းများကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“တောင်မော်ဦးရေတပ်က စစ်ကြောင်းတွေကို အာရက္ခတပ်တော်က ခြုံခိုတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။ စကမ တပ်က နယ်မြေထိန်းချုပ်နိုင်ဖို့ တပ်သားတွေကို အလုံးအရင်းနဲ့ တွန်းပို့တယ်။ အေအေ ရဲ့ ပစ်ကွင်းကို ရောက်သွားတော့ သူတို့ အရှုံးနဲ့ ရင်ဆိုင်သွားရတာဖြစ်တယ်” ဟု ဆိုသည်။

လက်ရှိတွင် အာရက္ခတပ်တော်၏ တန်ပြန်ထိုးစစ်ကြောင့် တောင်မော်ဦးရေတပ်မှ စစ်ကြောင်းများသည် အဝတောင်ရွာနှင့် ဒွေးချရွာအနီးဝန်းကျင်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က အာရက္ခတပ်တော်ကို ထိုးစစ်ဆင်လာစဉ် အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကိုလည်း လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ရေတပ်နေဗီများမှ တရစပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ပြည်မဘက်မှ ပြည်သူ့စစ်များကို တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင်ပြည်၊ ကျောက်ဖြူသို့ ပို့ဆောင်၍ ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်ရန် အတင်းအကျပ် စေခိုင်းနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ