AB News – မေ ၁၀၊ ၂၀၂၆
ချင်းနွယ်ဖွား မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် က ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို နောက်ဆုံးအချိန်တွင် အလဲထိုးအနိုင်ယူခဲ့ပြီး ချန်ပီယံခါးပတ်ကို ပထဆုံးအကြိမ် ကာကွယ်နိုင်ခဲ့သည်။
ဂျော့ရှုဝါဗန် က တိုင်ရာ အနေဖြင့် ချုပ်ကွက်အသုံး၍ တိုက်ခိုက်လာသည်ကို အခက်တွေ့စေရန် အဝေးက နေပြီး လက်သီးထိုးချက်ဖြင့် ကစားခဲ့သည်ကို တွေ့ရှိရသည်။
ပွဲစဉ်တစ်လျောက်လုံးတွင် ဂျော့ရှုဝါဗန်က တိုင်ရာ ၏ ချုပ်ကွက်များကို တန်ပြန်ခုခံနိုင်ခဲ့သည်ကို တွေ့ရှိရသည်။
UFC Flyweight ဝိတ်တန်းတွင် ဂျော့ရှုဝါဗန်အနေဖြင့် ချန်ပီယံခါးပတ်ကို သိမ်းပိုက်ပြီးနောက် ပထမဆုံးအကြိမ် ခါးပတ်ကို ကာကွယ်ခဲ့သည့် ပွဲလည်း ဖြစ်သည်။


