သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လနှင့်ချီ သတိလစ်နေသည့် မြို့တော်ဝန်ကို ဂျပန်ကောင်စီ ရာထူးမှ ဖယ်ရှား

AB News – မေ ၁၀၊ ၂၀၂၆

ဂျပန်နိုင်ငံတွင် လနှင့်ချီ၍ သတိလစ် မေ့မျောနေသည့် မြို့တော်ဝန်ကို ရာထူးမှ ဖယ်ရှားရန် မြိုတော်ကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အသက် ၇၂ နှစ်အရွယ် မြို့တော်ဝန် ကီကူအို ဟာတာကီယာမာသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟာချီရိဂါတာမြို့၏ မြို့တော်ဝန်အဖြစ် ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

မြို့တော်ဝန်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဦးနှောက်သွေးယိုစိမ့်မှုဝေဒနာကိုခံစားခဲ့ရပြီး လနဲ့ချီ သတိလစ်နေခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ မြို့တော်ဝန်ကို အယုံအကြည်မရှိကြောင်း မြို့တော်ကောင်စီက တစ်ညီတညွှတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြသည့်အတွက် လာမည့် မေလ ၁၉ ရက်နေ့တွင် ၎င်း၏ မြို့တော်ဝန်ရာထူးကို အလိုအလျှောက်လက်လွတ်ရမှာ ဖြစ်သည်။

မစ္စတာ ဟာတာကီယာမာ ကို ရာထူးမှ ဖယ်ရှားရခြင်းသည် ခက်ခဲ့သည့်ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းအရ မလုပ်မဖြစ် လုပ်ရခြင်းဖြစ်ကြောင်း အဆိုတင်သွင်းသူများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလတွင် မစ္စတာ ဟာတာကီယာမာသည် မြို့တော်ဝန်ရာထူးမှ နုတ်ထွက်ခြင်းသည်သာ အကောင်းဆုံးနည်းဖြစ်လိမ့်မည်ဟု မြို့တော်ကောင်စီကို ၎င်း၏ ဇနီးမှ ပန်ကြားခဲ့ကြောင်း Japan Times သတင်းဌာနတွင် ဖော်ပြသည်။

သိုသော်လည်း ဒေသန္တရ စည်းမျဥ်းဥပဒေများအရ ရာထူးမှ နုတ်ထွက်လိုသည့် မြို့တော်ဝန်များအနေဖြင့် ၎င်းတို့ ဘာကြောင့်နုတ်ထွက်ရခြင်းကို ကောင်စီဥက္ကဋ္ဌထံ အသိပေးအကြောင်းကြားရန် လိုအပ်ကြောင်းနှင့် မိသားစုဝင်များက တင်ပြလာသည့်နုတ်ထွက်စာသည် အကျုံးမဝင်ကြောင်း ပြီးခဲ့သည့်လက မြို့တော်အစိုးရအဖွဲ့က ပြောခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြို့တော်ဝန်ကို ရာထူးမှ ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းအဖြစ် ဤကဲ့သို့ မဲခွဲဆုံးဖြတ်သည့် နည်းလမ်းကို သဘောတူခဲ့ကြခြင်း ဖြစ်သည်။

၎င်း၏ နေရာကို ဆက်ခံမည့် မြို့တော်ဝန်ရွေးကောက်ပွဲကို လာမည့် ရက် ၅၀ အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ