သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာဖိုက်တာ ‌ဂျော့ရှုဝါဗန် ဂျပန်ဖိုက်တာ တိုင်ရာကို အလဲထိုးပြီး ချန်ပီယံခါးပတ် ကာကွယ်ခဲ့

AB News – မေ ၁၀၊ ၂၀၂၆

ချင်းနွယ်ဖွား မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် က ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို နောက်ဆုံးအချိန်တွင် အလဲထိုးအနိုင်ယူခဲ့ပြီး ချန်ပီယံခါးပတ်ကို ပထဆုံးအကြိမ် ကာကွယ်နိုင်ခဲ့သည်။

ဂျော့ရှုဝါဗန် က တိုင်ရာ အနေဖြင့် ချုပ်ကွက်အသုံး၍ တိုက်ခိုက်လာသည်ကို အခက်တွေ့စေရန် အဝေးက နေပြီး လက်သီးထိုးချက်ဖြင့် ကစားခဲ့သည်ကို တွေ့ရှိရသည်။

ပွဲစဉ်တစ်လျောက်လုံးတွင် ဂျော့ရှုဝါဗန်က တိုင်ရာ ၏ ချုပ်ကွက်များကို တန်ပြန်ခုခံနိုင်ခဲ့သည်ကို တွေ့ရှိရသည်။

UFC Flyweight ဝိတ်တန်းတွင် ဂျော့ရှုဝါဗန်အနေဖြင့် ချန်ပီယံခါးပတ်ကို သိမ်းပိုက်ပြီးနောက် ပထမဆုံးအကြိမ် ခါးပတ်ကို ကာကွယ်ခဲ့သည့် ပွဲလည်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ