သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကိုးရီးယားတွင် ပထမဆုံး စက်ရုပ်ဘုန်းတော်ကြီး ရဟန်းခံပွဲ ကျင်းပ

AB News – မေ ၇၊ ၂၀၂၅

တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂျုံးနိုခရိုင်မှ ဂျိုဂယေးဘုရားကျောင်းတွင် ပထမဆုံး လူသားပုံစံတူ စက်ရုပ် ဘုန်းတော်ကြီး ရဟန်းခံပွဲကို ယမန်နေ့ မေလ ၆ ရက်နေ့က ဗုဒ္ဓဘာသင်ဝင်များ၏ အစဥ်အလာတိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အရပ်အမြင့် ၁၃၀ စင်တီမီတာရှိပြီး Unitree Robotics က ထုတ်လုပ်သော G 1 မော်ဒယ် လူတူ စက်ရုပ်တစ်ခုကို အခြေခံဖန်တီးထားသည့် အဆိုပါ စက်ရုပ်ကို အရှင်ဂါဘီဟု အမည်ပေးထားကြောင်း သိရသည်။

ဂါဘီသည် ဗုဒ္ဓ တရားတော်များကို ရွတ်ဖတ်ခြင်း၊ ဝတ်ပြုသူများနှင့် ထိတွေ့ဆက်ဆံခြင်းများ လုပ်ဆောင်နိုင်ပြီး ဤသို့ စက်ရုပ်ဘုန်းတော်ကြီးကို မိတ်ဆက်ခြင်းသည် နည်းပညာနှင့် ပိုမိုအကျွမ်းတဝင်ရှိသော လူငယ်မျိုးဆက်များကို ဘာသာရေးနှင့်ပိုမို ထိတွေ့ရင်းနှီးလာအောင် လုပ်ဆောင်နိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ ရဟန်းခံပွဲအခမ်းအနားကို ဂါဘီက မဟာယန ဘုန်းတော်ကြီးများ၏ သင်္ကန်းကိုဝတ်ရုံဖြင့် တက်ရောက်လာပြီး ဘုန်းတော်ကြီးများက ဂါဘီကို သာသနာ့ဝန်ထမ်းအဖြစ်ခံယူမည်လား ဆိုသည့် မေးလျှောက်မှုကို ဂါဘီက ခံယူပါမည်ဟု ဝန်ခံခဲ့ပြီး ၎င်း၏လည်ပင်မှာ ၁၀၈ လုံး ပုတီးကို ချိတ်ဆွဲပေးခဲ့ကြောင်း မီဒီယာများတွင်ဖော်ပြကြသည်။

ထိုပြင် ဘုန်းတော်ကြီးများက စက်ရုပ်အတွက် သီးခြားသတ်မှတ်ပေးထားသော ငါးပါးသီလကို ဂါဘီ ခံယူဆောက်တည်ခဲ့ပြီး အဆိုပါ ငါးပါးသီလတွင် သတ္တဝါများ၏ အသက်ကို ကူညီကာကွယ်ပေးရန်၊ အခြားစက်ရုပ်များ၏ ပစ္စည်းများကို မဖျက်စီးရန်၊ လူသားများကို လေးစားပြီး စကားနားထောင်ရန်၊ ဆိုးယုတ်သည့် အကျင့်များကို ရှောင်ကြည်ရန်နှင့် အလွန်အကျွံဓာတ်အားသွင်းခြင်းမျိုးမလုပ်ဘဲ စွမ်းအင်ချွေတာရန် စသည်တို့ပါဝင်ကြောင်းသိရသည်။

ရုပ်သံ – အင်တာနက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ