သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာ

AB News – ဧပြီ ၃၊ ၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတ ဖြစ်လာကြောင်း သိရသည်။

ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၁၁ ယောက်မြောက် နိုင်ငံတော် သမ္မတ ဖြစ်လာပြီး ဤကဲ့သို့ သမ္မတ ဖြစ်လာခြင်းသည် ၎င်းမျှော်မှန်းထားသည့် စစ်ဖက်ဆိုင်ရာမှ အရပ်သားအစိုးအရအဖြစ် အသွင် ကူးပြောင်လိုက်ခြင်းသာ ဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၁၅ နှစ်ကြာ တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ၎င်း၏ တပည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လက်လွှဲပေးခဲ့ပြီး ရက်ပိုင်းအကြာတွင် ဤကဲ့သို့ သမ္မတရာထူးကို ကူးပြောင်းရယူခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အစုအဖွဲ့အသီးသီးမှ မဲခွဲရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတလောင်းများဖြစ်သည် စစ်ခေါင်ဆောင် မင်းအောင်လှိုင်၊ ဒေါ် နန်းနီနီအေးနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောတို့ထဲမှ သမ္မတရာထူးကို ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မဲခွဲရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ နှင့် စစ်တပ် ကြီးစိုးသည့် လွှတ်တော်ထဲတွင် သမ္မတ ရာထူးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထောက်ခံမဲအများဆုံးဖြင့် မဲခွဲအနိုင်ရရှိခဲ့ပြီး၊ ဒုသမ္မတ (၁) ရာထူးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ တင်မြှောက်ထားသည့် ဗိုလ်ချုပ်ကြီးဟောင် ဦးညိုစောနှင့် ဒုသမ္မတ (၂) ရာထူးကို ပြည်ထောင်စုကြံခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေးတို့မှ အသီးသီး တာဝန်ယူထမ်းဆောင်မည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်