
AB News – မတ် ၂၉၊၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်း စော်ကော်ရီယာမြို့နယ် စုက္ကာရာကျေးရွာ(ရက္ခိုင်ရွာ) သင်္ချိုင်းနယ်မြေများကို ဒေသခံမူဆလင်များမှ အတင်းအားဓမ္မ လုယက်မှုများ ပြုလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်ကို တွေ့ရသည်။
စုက္ကာရာကျေးရွာ (ရက္ခိုင်ရွာ)အတွင်းမှ သင်္ချိုင်းနယ်မြေများကို မူဆလင် ဒေသခံများက သိမ်းပိုက် လုယက်မှုပြုလုပ်ခြင်း ခံနေကြရသည်ဟု ဒေသခံ ရက္ခိုင်လူမျိုးများပြောဆိုထားသည့် ဗီဒီယိုဖိုင်အား ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒေသခံ ရက္ခိုင်လူမျိုးတစ်ဦးက နှစ်ပေါင်းများစွား အသုံးပြုလာတဲ့ ဒီသင်္ချိုင်းကို ကျနော်တို့ ပြန်လိုချင်တယ်။ ဒီလိုမတရား သိမ်းပိုက်တာကို မခံချင်ဘူး။ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်ရချင်တယ်ဟု ပြောသည်။
စုက္ကာရာကျေးရွာ (ရက္ခိုင်ရွာ) အတွင်းမှ အဆိုပါ သင်္ချိုင်းနယ်မြေသည် နှစ်ပေါင်းများစွာကြာမြင့်သည်ထိတိုင်အောင် အသုံးပြုလာခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံမူဆလင်များ၏ မတရားသိမ်းပိုက်မှုများမှ အမြန်ဆုံးပြန်ရေစချင်သည်ဟု ဆိုကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် နေထိုင်ကြသည့် ရက္ခိုင် မျိုးနွယ်စုဝင်များ (ရက္ခိုင်တိုင်းရင်းသားများ) သည် လူ့အခွင့်အရေးချိုးဖောက်ခံနေကြရပြီး ဒုက္ခအခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ရက္ခိုင်မျိုးနွယ်စုဝင်များသည် ၎င်းတို့၏ နယ်မြေများမှ အဓမ္မဖယ်ရှားခံရခြင်းများနှင့် မြေယာသိမ်းဆည်းခံရခြင်းများကိုလည်း ခံနေကြရသည်။
တစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ်တွင် မူဆလင် လက်နက်ကိုင် ARSA နှင့် RSO အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ရက္ခိုင်မျိုးနွယ်စုဝင်များမှာ ဘေးကင်းလုံခြုံမှုမရှိ၍ စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်ကြရသည်။
Video – U.Rk.Kayes