AB News- မတ် ၂၆၊ ၂၀၂၆
ယောကာကွယ်ရေးတပ်- YDF ၏ အမှတ်-၁ အကျဉ်းထောင်ဌာနတွင် အကျဉ်းထောင်မှူး သတ်ဖြတ်ခံရကာ ထောင်ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ အပြစ်သားများအပါအဝင် ဆက်စပ်ကျူးလွန်သူများ လွတ်မြောက်နေပါသဖြင့် တွေ့ရှိခဲ့ပါက YDF ထံသို့ လွှဲပြောင်းပေးအပ်ပေးရန် မဟာမိတ်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံသို့ အသိပေးကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့၊ နေ့လယ် ၂ နာရီခန့််က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးများသည် ယနေ့အချိန်ထိ လွတ်မြောက်နေဆဲဖြစ်သည်။
ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများမှာ ရဲဘော်ကောင်းကောင်း၊ ရဲဘော်ကိုငယ်၊ ရဲဘော်သားငယ်၊ ရဲဘော်ဂျစ်တူးနှင့် ရဲဘော်သားကြီး(လယ်မ) အပါအဝင် ယောလင်း၊ ဝေစိုးထိုက်၊ နိုင်မင်းစိုးနှင့် ပိုင်ဇင်ကျော်(ခ) မဲမောင်တို့ ဖြစ်ကြပြီး ၎င်းတို့သည် ယောကာကွယ်ရေးတပ်- YDF အတွင်း/ အပြင်၌ ရည်ရွယ်ချက်ရှိရှိ အဖျက်မှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရဲဘော်ကောင်းကောင်းသည် တပ်ပိုင်-လက်နက်ခဲယမ်းအား ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ပိုင်-ဘဏ္ဍာငွေဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် သစ်မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ကျူးလွန်ခြင်း၊ တပ်တွင်းစည်းလုံးရေးပျက်ပြားစေရန် တိုက်တွန်းလှုဆော်ခြင်း၊ တပ်တွင်းပဋိပက္ခဖြစ်ပွားစေရန် တိုက်တွန်းလှုဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှုဦးဆောင်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကြံစည်ခြင်း၊ တပ်တွင်းပုန်ကန်မှု လှုဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကျူးလွန်ခြင်း၊ ပြစ်မှုဆိုင်းငံ့ ခံဝန်ကတိကဝတ်အား ချိုးဖောက်ခြင်း၊ အကျဉ်းထောင်ဖောက်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ၏ အသက်အန္တရာယ်အားခြိမ်းခြောက်ခြင်း၊ သင်တန်းကွင်းရှိ ရဲဘော်-ရဲမေအား ပြန်ပေးဆွဲခြင်း၊ ထွက်ပြေးတိမ်းရှောင်ရာ တောတွင်ရှိသော စစ်ဘေးရှောင်ပြည်သူလူထု၏ ပစ္စည်းဥစ္စာအား လုယူဓါးပြတိုက်ခြင်းစသည့် ပြစ်မှုများကို ကျူးလွန်ခဲ့သည်။
ရဲဘော်ကိုငယ်သည် တပ်ပိုင်လက်နက်ခဲယမ်းအား ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ပိုင်-ဘဏ္ဍာငွေဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေခြင်း၊ အထက်အရာရှိအား သတင်းအမှားတင်ပြပြီး တပ်မှူးအချင်းချင်း ချောက်ချခြင်း၊ တပ်တွင်းစည်းလုံးရေးပျက်ပြားစေရန် တိုက်တွန်းလှုံဆော်ခြင်း၊ တပ်တွင်းပဋိပက္ခဖြစ်ပွားစေရန် တိုက်တွန်းလှုဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကြံစည်ခြင်း၊ တပ်တွင်းပုန်ကန်မှု လှုဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကျူးလွန်ခြင်း၊ အကျဉ်းထောင်ဖောက်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ၏ အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်း၊ သင်တန်းကွင်းရှိ ရဲဘော်-ရဲမေအား ပြန်ပေးဆွဲခြင်းစသည့် ပြစ်မှုများကိုကျူးလွန်ခဲ့သည်။
ရဲဘော်သားငယ်သည် တပ်ပိုင်-ပစ္စည်းဥစ္စာအား ခိုးယူသုံးစွဲရောင်းချခြင်း၊ တပ်ပိုင်-ဘဏ္ဍာငွေဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် သစ်မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ကျူးလွန်ခြင်း၊ အကျဉ်းထောင်ဖောက်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ၏ အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်း၊ သင်တန်းကွင်းရှိ ရဲဘော်-ရဲမေအား ပြန်ပေးဆွဲခြင်း၊ တပ်တွင်းပုန်ကန်မှု ကျူးလွန်ခြင်းစသည့်ပြစ်မှုများကို ကျူးလွန်ခဲ့သည်။
ရဲဘော်ဂျစ်တူးသည် စစ်မြေပြင်၌ တာဝန်လစ်ဟင်းခြင်း၊ ခွင့်ပြုချက်မရှိဘဲ စစ်မြေပြင်မှ ထွက်ခွာခြင်း၊ ငယ်သားများအပေါ် တာဝန်ပျက်ကွက်ခြင်း၊ စစ်မြေပြင်အခြေအနေအား အချိန်နှင့်တပြေးညီ တင်ပြရန် ပျက်ကွက်ခြင်း၊ တားမြစ်မူးယစ်ဆေးဝါးအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း၊ အကျဉ်းထောင်ဖောက်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကျူးလွန်ခြင်းစသည့် ပြစ်မှုများကို ကျူးလွန်ခဲ့သည်။
ရဲဘော်သားကြီး (လယ်မ) သည် တပ်ပိုင်-လက်နက်ခဲယမ်းအား ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ပိုင်-ဘဏ္ဍာငွေဖြင့် ကိုယ်ကျိုးစီးပွားရှာဖွေခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် သစ်မှောင်ခိုရောင်းဝယ်ဖောက်ကားမှု ကျူးလွန်ခြင်း၊ တပ်တွင်းစည်းလုံးရေးပျက်ပြားစေရန် တိုက်တွန်းလှုဆော်ခြင်း၊ တပ်တွင်းပဋိပက္ခဖြစ်ပွားစေရန် တိုက်တွန်းလှုဆော်ခြင်း၊ ကနဦး ကြားနာစစ်ဆေးရန် ဗဟိုစစ်ရုံးချုပ်မှ ဆင့်ခေါ်မှုအား မလိုက်နာခြင်း၊ တပ်ပုံရိပ်ဖြင့် ရရှိထားသော တပ်ပိုင်-လက်နက်ခဲယမ်းအား ဗဟိုစစ်ရုံးချုပ်ထံ ပြန်လည်မအပ်နှံခြင်း၊ ပြည်သူ့လူမှုဖူလုံရေး-ဘဏ္ဍာငွေအား ခိုးယူသုံးစွဲခြင်း၊ ရဲဘော်လူမှုဖူလုံရေး-ဘဏ္ဍာငွေအား ခိုးယူသုံးစွဲခြင်း၊ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးကော်မရှင်ထံ ကတိကဝတ် ပျက်ကွက်ခြင်း၊ လူမှုရေးရာကော်မရှင်ထံ ကတိကဝတ် ပျက်ကွက်ခြင်း၊ တပ်တွင်းပုန်ကန်မှုကြံစည်ခြင်း၊ တပ်တွင်းပုန်ကန်မှု လှုဆော်ခြင်း၊ တပ်တွင်းပုန်ကန်မှု ကျူးလွန်ခြင်း၊ ဖမ်းဝရမ်းအား ထွက်ပြေးတိမ်းရှောင်ခြင်းစသည့် ပြစ်မှုများ ကျူးလွန်ခဲ့သည်။
ယင်းအပြင် ၎င်းတို့သည် ယောကာကွယ်ရေးတပ်- YDF ၏ တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ရမည့် တော်လှန်ရေးလုပ်ငန်းစဉ်များကိုလည်း နှေးကွေးကြန့်ကြအောင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ထိုအပြစ်သားများ မဟာမိတ်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံရောက်ရှိလာပါက ၎င်းတို့၏ အပြစ်များကို ယခင်က မသိ၍ လက်ခံထားမိလျှင် ယခုသိရှိပါက တရားမျှတသော တော်လှန်ရေးတာဝန်အသိစိတ်ဖြင့် ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းလွှဲပြောင်းပေးရန် ယောကာကွယ်ရေးတပ်မှ မေတ္တာရပ်ခံထားသည်။
#AB_News #YDF #YawDefenseForce #MyanmarRevolution #ResistanceNews #PrisonBreak #JusticeForYDF #PublicAnnouncement #WantedCriminals #MilitaryJustice #AllianceNotification #LawEnforcement #SpringRevolution #CivilDisobedience #SafetyAlert


